Trending Now

ဗန်းမောက်မြို့နယ် တောင်ပိုင်း သျှမ်းနီစာပေနှင့် ရိုးရာယဉ်ကျေးမှု တိုးတက်ရေး တာဝန်ခံ စိုင်းကျန်အောင် (ခ) ဆေလိုင်အား PDF များ ဖမ်းဆီးခေါ်ဆောင်ထားစဉ် တစ်စုံတစ်ရာ နစ်နာဆုံးရှုံးခဲ့ပါက PDF နှင့် ဆက်နွယ် ဆက်စပ်သူ အားလုံး၏ တာဝန်သာ ဖြစ်ကြောင်း မြန်မာပြည်မြောက်ပိုင်း သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ သဘောထား ထုတ်ပြန်။ ထုတ်ပြန်ချက် အပြည့်အစုံ

Spread the love

ဗန်းမောက်မြို့နယ် တောင်ပိုင်း သျှမ်းနီစာပေနှင့် ရိုးရာယဉ်ကျေးမှု တိုးတက်ရေး တာဝန်ခံ စိုင်းကျန်အောင် (ခ) ဆေလိုင်အား PDF များ ဖမ်းဆီးခေါ်ဆောင်ထားစဉ် တစ်စုံတစ်ရာ နစ်နာဆုံးရှုံးခဲ့ပါက PDF နှင့် ဆက်နွယ် ဆက်စပ်သူ အားလုံး၏ တာဝန်သာ ဖြစ်ကြောင်း မြန်မာပြည်မြောက်ပိုင်း သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ သဘောထား ထုတ်ပြန်။
ထုတ်ပြန်ချက် အပြည့်အစုံ
👇👇
သဘောထားထုတ်ပြန်ချက်
ရက်စွဲ၊ ၂၀၂၂ခုနှစ်၊ ဇွန်လ (၂၁) ရက်
၁။ စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ် တောင်ပိုင်း သျှမ်းနီစာပေနှင့် ရိုးရာယဉ်ကျေးမှု တိုးတက်ရေး တာဝန်ခံ စိုင်းကျန်အောင် (ခ) ဆေလိုင်အား (၁၉.၆.၂၀၂၂) တနင်္ဂနွေနေ့ ညနေ (၂)နာရီခွဲတွင် KIA လက်ဝေခံ ဗန်းမောက် PDF များက ဗန်းမောက်တောင်ပိုင်း မံကပ်ဒေသစိတ်၊ မံကပ်ကျေးရွာ ဘုန်းတော်ကြီး ကျောင်းအတွင်း လက်နက်ငယ်များ ပစ်ဖောက်၍ ဝင်ရောက်လာပြီး အတင်းအဓမ္မ ဖမ်းဆီးကာ စစ်ဆေးမေးမြန်းရန်ရှိသည်ဟု ဆိုကာ ခေါ်ဆောင်သွားခဲ့ပါသည်။
၂။ စိုင်းကျန်အောင်သည် သျှမ်းနီတိုင်းရင်းသား စာပေသင်ဆရာ (TA) တာဝန်ထမ်းဆောင် လျှက်ရှိသူ ဖြစ်ပြီး ဗန်းမောက်မြို့နယ် သျှမ်းနီလူငယ်ကွန်ရက် (SYN-B) ၏ ဒုတိယဥက္ကဋ္ဌ တာဝန်ထမ်းဆောင် နေသူ လည်း ဖြစ်ပါသည်။
၃။ KIA အနေဖြင့် အလားတူ နမ့်ယားရွာကို ဝင်တိုက်စဉ်ကလည်း ကျောင်းဆရာမတစ်ဦး ဖြစ်သူ မြရူပါငယ်ကို လက်နက်ကြီးစထိမှန်စေခဲ့ပြီး၊ ထပ်မံပြီး ဖားကန့်မြို့နယ် နမ္မဖြစ်အလယ်တန်းမှ ကျောင်းဆရာ ဦးအောင်ဇင်ထွန်း ကိုလည်း အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ပြီး ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခဲ့သည့် အစဉ်အလာများ ရှိခဲ့ပါသည်။
၄။ KIO/KIA လက်ဝေခံ PDF တို့သည် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း နယ်စပ်တို့အား ကူးလူး၍ စနစ်တကျဖြင့် သျှမ်းနီစာပေတတ် လူငယ်များအား ကြောက်ရွံ့ထိတ်လှန့်စေရန် ရည်ရွယ်ချက် ရှိရှိ လုပ်ဆောင်နေခြင်းအပေါ် လုံးဝ(လုံးဝ) ကန့်ကွက်ရှုတ်ချကြောင်းနှင့် PDF များ ဖမ်းဆီးခေါ်ဆောင်ထားစဉ် တစ်စုံတစ်ရာ နစ်နာဆုံးရှုံးခဲ့ပါက PDF နှင့် ဆက်နွယ် ဆက်စပ်သူ အားလုံး၏ တာဝန်သာ ဖြစ်ပါကြောင်း ထုတ်ပြန်လိုက်သည်။
ဗဟိုကော်မတီ
မြန်မာပြည်မြောက်ပိုင်း သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။