Trending Now

ထိုင်ဝမ်မှာ စစ်ပွဲဆင်နွှဲဖို့ အမေရိကန်က ကြိုးစားနေတယ်လို့ မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာပြော

Spread the love

ထိုင်ဝမ်မှာ စစ်ပွဲဆင်နွှဲဖို့ အမေရိကန်က ကြိုးစားနေတယ်လို့ မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာပြော

EPN
နိုင်ငံတကာ၊ သြဂုတ် ၂၀

လေးရှား ဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်က ထိုင်ဝမ်မှာ စစ်ပွဲကို လှုံ့ဆော်ဖို့ အမေရိကန်က ကြိုးစားနေတယ်လို့ သောကြာနေ့က ပြောဆိုလိုက်ပါတယ်။

နောက်နိုင်ငံတွေနဲ့ ပထဝီနိုင်ငံရေးကို နှစ်ပေါင်းများစွာ ဝေဖန်ခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း မဟာသီယာက အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီ နဲ့ လွတ်တော်အမှတ်တွေ ထိုင်ဝမ်ကို လာရောက်တာဟာ အမေရိကန်က တရုတ်ကို ရန်စနေတာဖြစ်တယ်လို့ သတိပေးခဲ့ပါတယ်။

“တရုတ်က ထိုင်ဝမ်ကို သူ့ဘာသာသူ ဆက်နေခွင့်ပေးထားတယ်။ ပြဿနာမရှိပါဘူး။ မကျူးကျော်ခဲ့ကြပါဘူး။ ကျူးကျော်ချင်ရင် ကျူးကျော်လို့ရတယ်။ သူတို့ မလုပ်ခဲ့ဘူး။ ဒါပေမယ့် အမေရိကန်က တရုတ်တွေကို အမှားလုပ်မိအောင်၊ စစ်ပွဲဖြစ်လာအောင် လှုံ့ဆော်ပြီး အမေရိကန်က ထိုင်ဝမ်ကို သိမ်းပိုက်ဖို့ ကြိုးစားနေတာ”လို့ အသက် ၉၇ နှစ်အရွယ် မဟာသီယာက ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကျွန်းစုကို တရုတ်ရဲ့ ပိုက်နက်နယ်မြေ တစ်စိတ်တစ်ပိုင်းအဖြစ် မှတ်ယူထားပြီး အမေရိကန်တွေ လာရောက်လည်ပတ်တာဟာ တရုတ်ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းအဖြစ် သတ်မှတ်ထားပါတယ်။

မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာက “နောက်တစ်ချက်က အမေရိကန်က ထိုင်ဝမ်ကို ကူညီသလိုလိုနဲ့ လက်နက်ရောင်းချဖို့ကြိုးစားနေတာလဲဖြစ်နိုင်ပါတယ်။” လို့ ထပ်လောင်းပြောဆိုခဲ့ပါတယ်။

ပေလိုစီရဲ့ ခရီးစဉ်အပြီးမှာ ထိုင်ဝမ်-တရုတ် တင်းမာမှုတွေမြင့်တက်လာပြီး တရုတ်က ထိုင်ဝမ်ကျွန်းပတ်ပတ်လည်မှာ အကြီးစားစစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ခဲ့ပြီး ပဲ့ထိန်းဒုံးကျည်အများအပြားကို ထိုင်ဝမ်ရေပိုက်နက်ထဲကို ပစ်ခတ်ခဲ့ပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင့်က အမေရိကန်အနေနဲ့ ထိုင်ဝမ် လွတ်လပ်ရေးကြိုးပမ်းမှုအပေါ် အားပေးတိုက်တွန်းခြင်းမပြုလုပ်ဖို့ သတိပေးခဲ့ပြီး တကယ်လို့ တိုက်တွန်းခဲ့မယ်ဆိုပါက စစ်ပွဲဆီကို ဦးတည်သွားမယ်လို့ သတိပေးထားပါတယ်။
မလေးရှားဝန်ကြီးချုပ်ဟောင်းရဲ့ မှတ်ချက်နဲ့ပတ်သက်ပြီး အမေရိကန်က ချက်ချင်းတုံ့ပြန်မှုမရှိခဲ့ပါဘူး။

Source – AP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။