Trending Now

တရုတ်နိုင်ငံမှာ လေဆင်နှာမောင်းတိုက်ခတ်လို့ လူ ၅ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ

Spread the love

တရုတ်နိုင်ငံမှာ လေဆင်နှာမောင်းတိုက်ခတ်လို့ လူ ၅ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၂၀

တရုတ်နိုင်ငံအရှေ့ပိုင်း ဂျောင်းဆုပြည်နယ်မှာ စက်တင်ဘာ ၁၉ ရက်နေ့က လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူ ၅ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေကပြောပါတယ်။

အဆိုပါဖြစ်စဉ်ဟာ ဒန်ရှင်းမြို့နယ်နဲ့ နန်ဆိုင်းမြို့နယ်တို့မှာ စက်တင်ဘာ ၁၉ ရက်နေ့ ညနေ ၅ နာရီခန့်က ဖြစ်ပွားခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။

ကနဦးစုံစမ်းစစ်ဆေးမှုအရ လူပေါင်း ၅၅၁၂ ဦး ထိခိုက်ခဲ့ပြီး အိမ်ထောင်စု ၁၆၄၆ စုရဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ပြီး စုစုပေါင်းနေအိမ် ၁၃၇ လုံးပြိုကျပျက်စီးခဲ့တယ်လို့ သိရပါတယ်။

သီးနှံစုစုပေါင်း ၄၁.၈ ဟက်တာ ပျက်စီးခဲ့ပြီး လူ ၄၀၅ ဦးကို ဘေးကင်းရာသို့ ယာယီရွှေ့ပြောင်းပေးခဲ့ရတယ်လို့ မြို့တော်အရေးပေါ် စီမံခန့်ခွဲရေးဌာနက ထုတ်ပြန်ထားပါတယ်။

အခင်းဖြစ်ပွားရာနေရာကို ဒေသန္တရအစိုးရတွေက အမြန်ဆုံးသွားရောက် ကူညီခဲ့ကြပြီး ဒဏ်ရာရှိသူတွေကို ဆေးရုံမှာ ကုသပေးနေတယ်လို့ ဆင်ဟွာက ဖော်ပြထားပါတယ်။

ref; Xinhua

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။