Trending Now

ရုရှားက ရေယာဉ်ဖျက် ခရုဇ်ဒုံးကျည်တွေ ပါဝင်တဲ့ လေ့ကျင့်မှုကို ပင်လယ်နက်ထဲမှာ ပြုလုပ်

Spread the love

ရုရှားက ရေယာဉ်ဖျက် ခရုဇ်ဒုံးကျည်တွေ ပါဝင်တဲ့ လေ့ကျင့်မှုကို ပင်လယ်နက်ထဲမှာ ပြုလုပ်

EPN
နိုင်ငံတကာ၊ ဇူလိုင် ၂၂

ယူကရိန်းကောက်ပဲသီးနှံတင်ပို့မှု အရေးကိစ္စနဲ့ ပတ်သက်ပြီး တင်းမာမှုတွေ မြင့်မားလာနေတဲ့အကြား ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပင်လက်နက်ရေတပ်အုပ်စုဟာ ရေယာဉ်ဖျက် ခရုဇ်ဒုံးကျည်တွေ ပါဝင်တဲ့ လေ့ကျင့်ရေးတစ်ခု ပြုလုပ်ခဲ့တယ်လို့ ပြောပါတယ်။

လက်နက်အစစ်သုံးပြီး ပြုလုပ်တဲ့ အဲဒီလေ့ကျင့်မှုကို ပင်လယ်နက်ရဲ့ အနောက်မြောက်ပိုင်းက လေ့ကျင့်ရေးနယ်ပယ်အတွင်း လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး ဒုံးကျည်တွေဟာ ပစ်မှတ်အဖြစ် သတ်မှတ်ထားတဲ့ ရေယာဉ်ကို ထိမှန်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သောကြာနေ့မှာ ကြေညာခဲ့ပါတယ်။

အဲဒီရေတပ်အုပ်စုရဲ့ ရေယာဉ်တွေနဲ့ လေယာဉ်ဟာ ဖြတ်သန်းသွားလာခွင့် ယာယီ တားမြစ်ထားတဲ့ ဧရိယာကို ဝိုင်းဝန်းပိတ်ပင်ဖို့ အတူတကွ လေ့ကျင့်ခဲ့တယ်လို့လည်း ဆိုပါတယ်။ တိုက်စစ်စင်ရေယာဉ်ကို ထိန်းချုပ်ဖို့ စီမံချက်တချို့ကို ဆောင်ရွက်ခဲ့တယ်လို့လည်း အဲဒီဝန်ကြီးဌာနက ပြောပါတယ်။

ရုရှားက ယူကရိန်းဘက်ကို ဦးတည်တဲ့ ရေယာဉ်တွေဟာ စစ်ရေးထောက်ပံ့မှုတွေ သယ်ယူပို့ဆောင်ဖို့အတွက်ဖြစ်တယ်လို့ ယူဆမှာ ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့မှာ သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက တန်ပြန်ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ကြာသပတေးနေ့မှာ ကြေညာခဲ့ပြီး ရုရှား ထိန်းချုပ်တဲ့ ဆိပ်ကမ်းတွေကနေ ထွက်ခွာတဲ့ ရေယာဉ်တွေ အားလုံးဟာ တိုက်ခိုက်ခံရနိုင်ခြေ ရှိတယ်လို့ ပြောပါတယ်။

source: NHK

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။