Trending Now

ရန်ကုန်မြို့တွင် အုပ်စုဖွဲ့၍ ပေါ်တင် ဓါးပြတိုက်၊ လာရောက်ကူညီသူကို ဓါးဖြင့်လိုက်ခုတ်

Spread the love

ရန်ကုန်မြို့တွင် အုပ်စုဖွဲ့၍ ပေါ်တင် ဓါးပြတိုက်၊ လာရောက်ကူညီသူကို ဓါးဖြင့်လိုက်ခုတ်

EPN
ရန်ကုန်၊ မေ ၂၇

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ ဖော့ကန်မှာ အမျိုးသား သုံးဦးက ဖယ်ရီးကားစောင့်နေသော အမျိုးသမီးတစ်ဦးကို ယနေ့နံနက်ပိုင်းက ပေါ်တင်ဓားပြတိုက်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း အခင်ဖြစ်ပွားရာတွင် ရှိနေခဲ့သည့် အမျိုးသမီးတစ်ဦးထံမှ သိရသည်။

“ရန်ကုန် အရမ်းဆိုးလားပြီ အင်းစိန် ဖော့ကန် ယခုနံနက်စော ဖြစ်သွားတာပါ ဖယ်ရီကားစောင့်နေတဲ့အမ တယောက်ကို လူသုံးယောက်က လူကြားထဲမှာပဲ ပေါ်တင်ဓားပြတိုက်ပါတယ်” ဟု အမည်မဖော်လိုသူ အမျိုးသမီးက ပြောသည်။

ဓါးပြအုပ်စုသည် အမျိုးသမီး၏ ဖုန်းနှင့် ဆွဲကြိုးကို လုယက်ယူဆောင်ပြီး အနီးနားရှိလူများကိုလည်း ဓါးဖြင့်ခြိမ်းခြောက်ကာ အမျိုးသမီးကို လာရောက်ကူူညီသူတစ်ဦးကိုလည်း ဓါးဖြင့်လိုက်ခုတ်ခဲ့ကြောင်း သိရသည်။

“ကိုယ့်ရှေ့လေးမှာဖစ်သွားတော့တော်တော်လန့်သွားပါတယ် ဖုန်းကောလည်ဆွဲရောပါသွားပါတယ် လာကူညီတဲ့အကိုကို လဲဓားနဲ့လိုက်ပါခုတ်ပါတယ် ကြည့်နေတဲ့လူတွေကိုလဲဘာကြည့်နေကြတာလဲဆိုပီးဓားနဲ့လိုက်ရွယ်သေးတယ်” ဟု အမျိုးသမီးက ပြောသည်။

ယင်းနောက် ဓါးပြအုပ်စုသည် ပစ္စည်းများကို လုယူပြီးသော်လည်း ဓါးတကိုင်ကိုင်ဖြင့် ထွက်ပြေးခြင်းမရှိသောကြောင့် အနီးနားရှိ ပြည်သူများက ဝိုင်းဝန်း၍ ဖမ်းဆီးကာ သက်ဆိုင်ရာသို့ အပ်နှံခဲ့ကြောင်း သိရသည်။

စိုးထွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။