Trending Now

အင်းတော်ကြီးကန် သာယာလှပစေဖို့အတွက် အမှိုက်များကို စနစ်တကျစွန့်ပစ်နိုင်‌စေရေး အမှိုက်ပုံးများ ပြုလုပ်ပေး

Spread the love

အင်းတော်ကြီးကန် သာယာလှပစေဖို့အတွက် အမှိုက်များကို စနစ်တကျစွန့်ပစ်နိုင်‌စေရေး အမှိုက်ပုံးများ ပြုလုပ်ပေး
 
EPN
အင်းတော်ကြီး၊ မတ် ၂
 
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ ဇီဝအ၀န်းအဝိုင်းနယ်မြေနှင့် အင်တော်ကြီးကန် သန့်ရှင်းသာယာလှပစေဖို့အတွက် KCWG နှင့် အင်းတော်ကြီးဒေသ တိုင်းရင်းသားစာပေ ယဉ်ကျေးမှုအသင်းများ ပူးပေါင်းကာ အမှိုက်ပုံးများ ဝေငှပေးနေကြောင်း သိရသည်။
 
အင်းတော်ကြီးကန် သန့်ရှင်းသာယာလှပစေဖို့ အင်းတော်ကြီးဒေသက ကျေးရွာတိုင်း အမှိုက်များကို စနစ်တကျ စွန့်ပစ်ရေးအတွက် ယခုကဲ့သို့ အမှိုက်ပုံးများ ဝေငှပေးပါက အမှိုက်များစနစ်တကျ စွန့်ပစ်ရေး အသိပညာပေးခြင်းဆောင်ရွက်ခဲ့ကြောင်း အင်းတော်ကြီးဒေသ ရှမ်းနီစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်တစ်ဦးက ပြောပြသည်။
“အင်းတော်ကြီးကန် သန့်ရှင်းသာယာလှပစေဖို့အတွက် KCWG လို့ခေါ်တဲ့ ကချင်ပြည်နယ် သဘာဝအရင်းအမြှစ် ထိန်းသိမ်းရေးအဖွဲ့နဲ့ ကျနော်တို့ အင်းတော်ကြီးဒေသမှ ရှိတဲ့ တိုင်းရင်းသားတွေ စုပေါင်းပြီးတော့မှ ကျေးရွာတိုင်းမှာ အမှိုက်ပုံးတွေကို ချထားပေးဖို့ ဆောင်ရွက်နေတာဖြစ်တာ၊ မပြင်ကျေးရွာမှာ သုံးဆယ့်ငါးလုံး၊ မိုင်းနောင်ကျေးရွာမှာ သုံးဆယ့်ငါးလုံး၊ နန့်ပတဲကျေးရွာမှာ သုံးဆယ်လုံး၊ စုစုပေါင်း အမှိုက်ပုံး တစ်ရာ ကို ပေးအပ်ချထားမှာဖြစ်တယ်”၎င်းက ဆိုသည်။
 
ရှမ်းနီစာပေနှင့် ရိုးရာယဉ်ကျေးမှုအသင်းနှင့် ကချင်စာပေနှင့် ရိုးရာယဉ်ကျေးမှုအသင်းတို့က ပူပေါင်းပြီး အင်းတော်ကြီးဒေသရှိကျေးရွာတွေကို စစ်တမ်းပြုစုရာတွင် ကျေးရွာ (၁၀)ရွာခန့်၌ အမှိုက်များ စနစ်တကျမစွန့်ပစ်‌နေကြသည်ကို ‌တွေ့ရသည့်အတွက် ပလတ်စတစ်အမှိုက်ဆိုးကျိုးများကို အသိပညာပေးဆိုင်းဘုတ်များစိုက်ထူခြင်း အမှိုက်ပုံးများထားရှိခြင်းများ ဆောင်ရွက်ပေးရခြင်း ဖြစ်သည်ဟုလည်း သိရသည်။
ထို့အပြင် အင်းတော်ကြီးဒေသတွင် ပတ်ဝန်းကျင်ရေးရာ အငြင်းပွားမှုများနှင့် အကျိုးသက်ရောက်မှု၊ လူမှုရေးရာ အကျိုးသက်ရောက်မှု၊ အင်းတော်ကြီးကန်၏ အနာဂတ် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့စေရေးအတွက် ဒေသခံတို့မှ ကမကထပြုနိုင်‌သော သဘာဝပတ်ဝန်းကျင်ရေးရာ အုပ်ချုပ်လုပ်ကိုင်မှု စီမံချက်များ အားကောင်း လာစေရန်အတွက် ပညာပေး ဆောင်ရွက်မှုများဆက်လက် ဆောင်ရွက်သွားမည့်အပြင် ဒေသတွင်း ပလပ်စတစ်အမှိုက်များ ကင်းစင်ရေးကို ဒေသခံလူငယ်မျိုးဆက်တို့နှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဟု သိရသည်။
 
နေကြာ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။