Trending Now

ဖေ့ဘုတ်ပိုင်ရှင် ဇူကာဘတ် ဒူးခေါင်းထိခိုက်ဒဏ်ရာကြောင့် ဆေးရုံတင်ထားရ

Spread the love

ဖေ့ဘုတ်ပိုင်ရှင် ဇူကာဘတ် ဒူးခေါင်းထိခိုက်ဒဏ်ရာကြောင့် ဆေးရုံတင်ထားရ

EPN
နိုင်ငံတကာ၊ နိုဝင်ဘာ ၄

ဖေ့ဘုတ်စ်ကို စတင်တည်ထောင်ခဲ့တဲ့ မာ့ခ်ဇူကာဘတ်ဟာ အာကစားလေ့ကျင့်မှုအတွင်း ဒူးခေါင်းထိခိုက်မိသွားတာကြောင့် ဆေးရုံတက်ကာ ကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

“လာမယ့်နှစ် အစောပိုင်းမှာ MMA ပြိုင်ပွဲအတွက် လေ့ကျင့်မှုတွေ လုပ်ခဲ့ပေမယ့် အခုတော့ နည်းနည်း ရွှေ့ဆိုင်းလိုက်ရပါတယ်။ ပြန်ကောင်းပြီးရင်တော့ ဒါကို ဆက်လုပ်မှာပါ။ ချစ်ခြင်းမေတ္တာနဲ့ အားပေးမှုအတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။” လို့ ဇူကာဘတ်က ပြောကြားခဲ့ပါတယ်။

MMA ပြိုင်ပွဲကို ဘယ်သူနဲ့ ယှဉ်ပြိုင်ထိုးသတ်သွားမလဲဆိုတာ မသိရသေးပေးမယ့် မာ့ခ်ဇူကာဘတ်ဟာ ကမ္ဘာ့အချမ်းသားဆုံးထဲက တစ်ယောက်ဖြစ်တဲ့ အီလွန်မက်စ်နဲ့ ယှဉ်ပြိုင်ထိုးသတ်ဖို့ စီစဉ်ခဲ့ကြပါသေးတယ်။

Photo – မာ့ခ်ဇူကာဘတ်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။