Trending Now

ပြည်ပနိုင်ငံမှ အိမ်တွင်းအသုံးပြုပစ္စည်းဟောင်းများ တင်သွင်းခွင့် မြန်မာအစိုးရကန့်သတ်

Spread the love

ပြည်ပနိုင်ငံမှ အိမ်တွင်းအသုံးပြုပစ္စည်းဟောင်းများ တင်သွင်းခွင့် မြန်မာအစိုးရကန့်သတ်

EPN
ရန်ကုန်၊ မေ ၂၈

ပြည်ပနိုင်ငံမှ အိမ်တွင်းအသုံးပြုပစ္စည်းဟောင်းများ တင်သွင်းခွင့်မပြုကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ် ရေး၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

အဆိုပါ တင်သွင်းခွင့်မပြုသည့် အိမ်သုံးစက်ပစ္စည်းများမှာ ရေခဲသေတ္တာ၊ လေအေးပေးစက်၊ အ၀တ်လျှော်စက်၊ မိတ္တူကူးစက်၊ တီဗွီအစရှိသည့်ပစ္စည်းများနှင့် ၎င်း၏ကုန်ထုတ်လုပ်ငန်းတွင် အသုံးပြုရန်မဟုတ်ဘဲ စီးပွားဖြစ်ပြန် လည်ရောင်းချရန် ရည်ရွယ်ချက်ဖြင့် တင်သွင်းမည့် အသုံးပြုပြီးစက်ပစ္စည်းများဟူ၍ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဆက်လက်ပြီး လျှောက်ထားသူသည် တင်သွင်းလာသည့် အသုံးပြုပြီးစက်ပစ္စည်းများအား လျှောက်ထားချက်ပါ အချက်များနှင့် ကိုက်ညီမှုရှိ၊မရှိကို စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ စစ်ဆေးမှုကို ခံယူရမည်ဖြစ် သည်။

အလားတူပင် စစ်ဆေးချက်အရ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိလျှင် သက်ဆိုင်ရာ ဥပဒေ၊ စည်းမျဉ်း၊ လုပ် ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေး၀န်ကြီး ဌာနမှ မေလ ၁၄ နေ့ ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင်ပါရှိသည်။

မေလ ၂၅ ရက်နေ့တွင်လည်း ပြည်ပမှ တင်သွင်းခွင့်မပြုသည့် ကုန်ပစ္စည်းများဖြစ်သည့် ဘီယာ၊ စီးကရက်တို့ကို တည်ဆဲဥပဒေအရ ကန့်သတ်တားမြစ်ကုန်များအဖြစ် ပြင်ဆင်သတ်မှတ်အမိန့်တစ်စောင်အား ထုတ်ပြန်ကြေ ညာခဲ့သည်။

Photo Internet


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။