Trending Now

မြစ်ကြီးနားမြို့ရှိ မိဘမဲ့ ကလေး ပြုစုစောင့်ရှောင့်ရေးဂေဟာတစ်ခုတွင် ကလေးငယ် (၅၀)ကျော် အစာအဆိပ်သင့်မှုဖြစ်ပွား

Spread the love

မြစ်ကြီးနားမြို့ရှိ မိဘမဲ့ ကလေး ပြုစုစောင့်ရှောင့်ရေးဂေဟာတစ်ခုတွင် ကလေးငယ် (၅၀)ကျော် အစာအဆိပ်သင့်မှုဖြစ်ပွား
EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီလ ၁၅
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ သီတာအေး(၅) မိဘမဲ့ ကလေးပြုစုစောင့်ရှောင့်ရေးဂေဟာတစ်ခုတွင် ကလေးငယ် (၅၀)ကျော် ယမန်နေ့က အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့သည့်အတွက် မြစ်ကြီးနား ပြည်သူဆေးရုံကြီးသို့ ပို့ဆောင်ထားရကြောင်း အဆိုပါ မိဘမဲ့ကလေးပြုစုစောင့်ရှောင့်ရေးဂေဟာ၏ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
အဆိုပါအစာအဆိပ်သင့်မှုမှာ ယမန်နေ့က လာရောက်လှူဒါန်းခဲ့သည့် ဒံပေါက်များကို စားသောက်ပြီး တစ်နာရီခန့် အကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကလေးအများစုမှာ အော့အန်ခြင်း ခေါင်းမူးခြင်းများ ဖြစ်ပေါ်လာသည့်အတွက် ဆေးရုံသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း မိဘမဲ့ကလေးပြုစုစောင့်ရှောင့်ရေးဂေဟာမှ တာဝန်ခံတစ်ဦးကပြောဆိုသည်။
” မနေ့က အလှူရှင်မိသားစုက ကလေးငယ်တွေအတွက် ဲ့ ဒံပေါက် တစ်ယောက်တစ်ထုပ်စီးလာလှူတယ်၊ မနက်(၈)နာရီကျော်လောက်မှာစားကြတယ်၊ နောက် (၉)နာရီလောက်ရောက်တော့၊ ကလေးငယ်တွေ စပြီး အော့အန်လာတယ်၊ အဲ့တာနဲ့ ဆရာမတွေက မဟာဖြေဆေးတွေး၊ မက်ကလောင် ခြစ်တာတွေလုပ်ပေးတယ်၊ အဲ့တာပြီးတော့ ကလေးတွေက ပျော့လာတယ်၊ အားအင်မရှိသလိုဖြစ်လာကြတာ အဲ့တာနဲ့ ဆေးရုံကိုပို့ဖို့စီစဉ်ခဲ့တယ်” ဟု ၎င်းကပြောသည်။
လက်ရှိတွင် ကလေးငယ်များမှာ ကျန်းမာရေးပြန်လည်ကောင်းမွန်လာသည့်အတွက် ယနေ့ ညနေပိုင်းတွင် ဆေးရုံမှ ဆင်းခွင့်ရမှာ ဖြစ်ပြီး အစာအဆိပ်သင့်မှုဖြစ်ပေါ်ခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ နမူနာများကို ဓာတ်ခွဲဆေးစစ်ချက်များပြုလုပ်နိုင်ရန်အတွက် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။
အဆိုပါ သီတာအေး(၅) မိဘမဲ့ကလေးပြုစုစောင့်ရှောင့်ရေးဂေဟာတွင် ကလေးငယ်စုစုပေါင်း (၉၀)ခန့် ရှိနေပြီး ယင်း အနက် ဒံပေါက်စားသုံးခဲ့သည့် ကလေးငယ် (၅၂)ဦးသာ အစာအဆိပ်သင့်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ အစာအဆိပ်သင့်ကလေးငယ်များအတွက် ပြည်နယ်အစိုးရမှ ငွေကျပ် (၅)သိန်းနှင့် တစ်ဦးလျှင်ဆောင်တစ်ထည်ဆီ လာရောက်လှူဒါန်းပေးထားခဲ့ကြောင်း သိရသည်။
ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။