Trending Now

မြစ်ကြီးနားမြို့တွင် ပတ်၀န်းကျင်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

Spread the love

မြစ်ကြီးနားမြို့တွင် ပတ်၀န်းကျင်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

EPN
မြစ်ကြီးနား၊ မတ် ၁၁ (၂၀၂၄)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဒူကထောင်ရပ်ကွက်တွင် မြစ်ကြီးနားခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ ယနေ့၊ မတ်လ ၁၁ ရက်နေ့တွင် ပတ်၀န်းကျင်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို သူနာပြုသင်တန်းကျောင်း သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

‌ဟောပြောပွဲတွင် “ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဥတု ပြောင်းလဲမှုကြောင့် ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများ” ၊ “ဆေးဘက်ဆိုင်ရာ စွန့်ပစ်ပစ္စည်း” နှင့် “အမှိုက်ခွဲခြား စွန့်ပစ်ခြင်း” ခေါင်းစဉ်တို့ဖြင့် ပတ်ဝန်းကျင်ဆိုင်ရာအသိပညာများ ဟောပြောဆွေးနွေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို မြစ်ကြီးနားခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် အဖွဲ့က ဦး‌ဆောင်ကျင်းပ ပြုလုပ်ခဲ့ပြီး၊ သူနာပြုသင်တန်းနှင့် သားဖွားသင်တန်းကျောင်းတို့မှ ကျောင်းအုပ်ဆရာမကြီးများ၊ သင်တန်းနည်းပြဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ စုစုပေါင်း (၂၃၀)ဦး တက်ရာက်ခဲ့ကြောင်း သိရသည်။

ကသစ်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။