Trending Now

တရုတ်နိုင်ငံမှာ တုပ်ကွေးဖြစ်ပွားမှုမြင့်တက်နေ

Spread the love

တရုတ်နိုင်ငံမှာ တုပ်ကွေးဖြစ်ပွားမှုမြင့်တက်နေ

EPN
နိုင်ငံတကာ၊ မတ် ၁

တရုတ်နိုင်ငံမှာ တုပ်ကွေးရောဂါဖြစ်ပွားမှု မြင့်တက်လာလို့ ပြီးခဲ့တဲ့ သီးတင်ပတ်က စတင်ပြီး ဘေဂျင်း နဲ့ ရှန်ဟိုင်မြို့မှာရှိတဲ့ မှုလတန်ကျောင်းအချို့ကို ပိတ်ထားရတယ်လို့ တရုတ်ဒေသတွင်း သတင်းတွေက ဖော်ပြထားပါတယ်။

ဘေဂျင်းအပါအဝင် မြို့ကြီးပြကြီးတွေနဲ့ အွန်လိုင်းဆေးဆိုင်တွေမှာ တုပ်ကွေးဆေး လက်ကျန်ပြတ်လပ်နေပြီး လူအများက ဆေးဝါးတွေ ဝယ်ယူစုဆောင်းမှုတွေ အလျင်စလို လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံရဲ့ ရောဂါထိန်းချုပ်ရေးစင်တာမှ နောက်ဆုံးရရှိသော အချက်အလက်တွေအရ တုပ်ကွေးရောဂါဖြစ်ပွားမှုဟာ ကိုဗစ်ကူးစက်မှုကိုကျော်လွန်သွားပြီဖြစ်ပေမယ့် အရေအတွက်ကိုတော့ အတိအကျမသိရသေးဘူးလို့ ဆိုပါတယ်။

လက်ရှိရောဂါကူးစက်ခံရသူ ၇၀ ရာခိုင်နှုန်းဟာ H1N1 (ဝက်တုပ်ကွေး)မျိုးကွဲဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ထားပြီး ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ ကြွက်သားများနာကျင်ခြင်းကဲ့သို့သော ကိုဗစ်နဲ့ ဆင်တူတဲ့ ရောဂါလက္ခဏာတွေ ပြသနေတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာ နိုင်ငံအတွင်း တုပ်ကွေးကူးစက်မှုနှုန်းမြင့်မားနေပေမယ့် ဒါဟာ ရာသီတုပ်ကွေးရောဂါဟာ တစ်ခုဖြစ်တဲ့အတွက် မကြာခင်အရှိန်လျော့သွားမယ်လို့ တာဝန်ရှိသူတွေက ပြောဆိုထားပြီး ပြည်သူတွေကို အစိုးရိမ်မလွန်ဖို့ တောင်းဆိုထားပါတယ်။

ref; Chinese pharmaceutical stocks surge as flu overtakes Covid-19 to become main virus ravaging mainland

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။