Trending Now

လူပေါင်း ၃၀၀ နီးပါးသေဆုံးခဲ့တဲ့ လေယာဉ်မတော်တဆမှုနဲ့ ပတ်သက်ပြီး အမျိုးသား သုံးဦးကို လွဲပြောင်းပေးဖို့ ရုရှားကို သြစတေးလျတောင်းဆို

Spread the love

လူပေါင်း ၃၀၀ နီးပါးသေဆုံးခဲ့တဲ့ လေယာဉ်မတော်တဆမှုနဲ့ ပတ်သက်ပြီး အမျိုးသား သုံးဦးကို လွဲပြောင်းပေးဖို့ ရုရှားကို သြစတေးလျတောင်းဆို

EPN
နိုင်ငံတကာ၊ နိုဝင်ဘာ ၂၁

ခရီးသည် ၃၀၀ နီးပါးလိုက်ပါလာတဲ့ မလေးရှားလေကြောင်းလိုင်း MH17 လေယာဉ်ကို ပစ်ချမှုမှာ အပြစ်ရှိကြောင်း တွေ့ရှိရတဲ့ အမျိုးသား ၃ ဦးကို လွှဲပြောင်းပေးဖို့ သြစတေးလျက ရုရှားကို တောင်းဆိုလိုက်ပါတယ်။

နယ်သာလန်နိုင်ငံတရားရုံးက လေယာဉ်ပျက်ကျမှုမှာ အပြစ်ရှိကြောင်း တွေ့ရှိခဲ့တဲ့ ရုရှားနိုင်ငံသား နှစ်ဦးနဲ့ ယူကရိန်းနိုင်ငံသားတစ်ဦးကို ထောင်ဒဏ်တစ်သက်ပြစ်ဒဏ်ချမှတ်ခဲ့ပြီးနောက် သြစတေးလျက လွဲပြောင်းပေးဖို့ တောင်းဆိုခဲ့တာပါ။

ဒါပေမယ့် ရုရှားနိုင်ငံဘက်ကတော့ စီရင်ချက်ဟာ အရှုတ်တော်ပုံ နဲ့ နိုင်ငံရေးအရ လုံ့ဆော်မှုတစ်ခုအဖြစ် ရှုတ်ချခဲ့ပြီး သုံးဦးစလုံးကို တရားရင်ဆိုင်ရန် လွဲပြောင်းပေးဖို့ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

မလေးရှားလေကြောင်းလိုင်း လေယာဉ် MH17ဟာ နယ်သာလန်နိုင်ငံ လေဆိပ်ကနေ ထွက်ခွာပြီး ကွာလာလမ်ပှုမြို့ကို ပျံသန်းနေစဉ် ယူကရိန်းအရှေ့ပိုင်း ဒွန်းဘတ်စ် ဒေသမှာ ၂၀၁၄ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့က ပျက်ကျပြီး လေယာဉ်ပေါ်လိုက်ပါလာတဲ့ လူ ၂၉၈ ဦး အသက်ဆုံးရှုံးခဲ့ပါတယ်။

လေယာဉ်ပျက်ကျမှုကြောင့် အသက်ဆုံးရှုံးခဲ့ရသူတွေဟာ နယ်သာလန်နိုင်ငံသား ၁၉၈ ဦး၊ မလေးရှားနိုင်ငံသား ၄၃ ဦး၊ သြစတေးလျနိုင်ငံသား ၃၈ ဦးနဲ့ နိုင်ငံပေါင်း ၁၇ နိုင်ငံက လူတွေဖြစ်ပါတယ်။

နိုင်ငံအများအပြား က ဒီအမှုကို ကိုင်တွယ်ဖြေရှင်းဖို့ နိုင်ငံတကာခုံရုံး ကို တောင်းဆိုခဲ့ကြပေမယ့် ရုရှားဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဗီတိုအာဏာသုံးခွင့်ရှိနေတာကြောင့် ကုလသမဂ္ဂတရားရုံးကို မတင်ခဲ့ပါဘူး။

ဒါ့ကြောင့် လေယာဉ်ပျက်ကျမှုအတွင်းမှာ လူအများအပြား သေဆုံးခဲ့ရတဲ့ နယ်သာလန်အစိုးရက သူ့နိုင်ငံရဲ့ တရားဥပဒေနဲ့အညီ ဒီအမှုကို ရုံးတင်စစ်ဆေးကာ အဓိကတာဝန်ယူ စုံစမ်းစစ်ဆေးခဲ့ပါတယ်။

အဲဒီနောက် ကာလရှည်ကြာ စုံစမ်းစစ်ဆေးချက်တွေအရ လေယာဉ်ဟာ ယူကရိန်းခွဲထွက်ရေး သူပုန်တွေဆီက ရုရှားထောက်ပံ့ထားတဲ့ ဒုံးကျည်တစ်စင်းကြောင့် ပျက်ကြခဲ့တာလို့ ဖော်ထုတ်ခဲ့ပြီး နယ်သာလန်တရားရုံးက အဓိက သံသယတရာခံတွေရဲ့ နာမည်တွေကို ထုတ်ပြန် ကြေညာခဲ့ပါတယ်။

လေယာဉ် ပစ်ချခံရမှုနဲ့ ပတ်သက်ပြီး ရုရှား ထောက်လှမ်းရေး အေးဂျင့်ဟောင်း အီဂေါ ဂါကင် အပါအဝင် ရုရှားနိုင်ငံသား နှစ်ဦးနဲ့ ယူကရိန်းနိုင်ငံသား တစ်ဦးတို့ကို နယ်သာလန် တရားရုံးက ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၇ ရက်နေ့မှာ ထောင်ဒဏ်တစ်သက် စီရင်ချက်ချမှတ်ခဲ့ပါတယ်။

နယ်သာလန် တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့ပြီးနောက် သြစတေးလျအစိုးရက ရုရှားနိုင်ငံမှာရှိနေတယ်လို့ ယူဆရတဲ့ သူတို့သုံးဦးကို လွဲပြောင်းပေးဖို့တောင်းဆိုခဲ့တာဖြစ်ပါတယ်။

— ကိုးကား —
DW/BBC/theguardian
Ref; Australia asks Russia to hand over three who downed airliner

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။