Trending Now

အိန္ဒိယနိုင်ငံ ဒေလီမြို့တော်မှာ လေထုညစ်ညမ်းပြီး အန္တရာရှိတဲ့အဆင့်ရောက်လာလို့ စာသင်ကျောင်းတွေ ပိတ်ထားဖို့ညွန်ကြား

Spread the love

အိန္ဒိယနိုင်ငံ ဒေလီမြို့တော်မှာ လေထုညစ်ညမ်းပြီး အန္တရာရှိတဲ့အဆင့်ရောက်လာလို့ စာသင်ကျောင်းတွေ ပိတ်ထားဖို့ညွန်ကြား
EPN
နိုင်ငံတကာ၊ နိုဝင်ဘာ ၄
အိန္ဒိယနိုင်ငံ ဒေလီမြို့တော်မှာ လေထုညစ်ညမ်းမှုဆိုးရွားလာလို့ ခရိုင်တရားသူကြီး က စာသင်ကျောင်းတွေကို ယာယီ ပိတ်ထားဖို့ နဲ့ ၁ တန်း ကနေ ၈ တန်းအထိ ကျောင်းသားကျောင်းသူတွေကို နိုဝင်ဘာ ၈ ရက်နေ့အထိ အွန်လိုင်မှတစ်ဆင့် စာသင်ကြား ဖို့ညွန်ကြားထားပါတယ်။
အလားတူ လေထုအရည်အသွေး ဆိုးရွားလာမှုကို ထိမ်းသိမ်းနိုင်ဖို့အတွက် မြို့တော်အတွင်း လေးဘီးတပ် အပေါ့စားမော်တော်ယာဉ်များပြေးဆွဲမှုကို တားမြစ်ရန်လည်း အဏာပိုင်တွေက ကြာသာပတေးနေ့က ညွန်ကြားခဲ့ပါတယ်။
နိုဝင်ဘာ ၃ ရက်က ဒေလီမြို့ အစိတ်အပိုင်း အသီးသီးရဲ့ လေထုအရည်အသွေး သတ်မှတ်ချက် (AQI)ဟာ အန္တရာယ်ရှိတဲ့ အဆင့်ကို ရောက်ရှိလာခဲ့ပြီး မြို့ခံပြည်သူ သန်း ၂၀ လောက်ဟာ အဆိပ်ဖြစ်နေတဲ့ မီးခိုးတွေကို ရှုသွင်းနေရသလို ဖြစ်နေတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။
AQI ညွှန်ကိန်းသတ်မှတ်ချက်ဟာ လေထုထဲမှာ ပါဝင်တဲ့ ညစ်ညမ်း အမှုန်အမွှားတွေ ပါဝင်မှုကို တိုင်းတာထားတာ ဖြစ်ပြီး AQI သတ်မှတ်ချက် ၀ ကနေ ၅၀ ထိက ကျန်းမာရေးနဲ့ ညီညွတ်ပြီး ၁၅၀ အထက်ဆိုရင် စိုးရိမ်ရတယ်လို့ သတ်မှတ်ထားပါတယ်။
ဒေလီမြို့ထဲမှာ ဖြစ်ပေါ်နေတဲ့ လေထုအရည်အသွေးကို စစ်ဆေးကြည့်တဲ့အခါမှာတော့ မြို့တော်ရဲ့ နေရာအများအပြားမှာ ရှိနေတဲ့ AQI သတ်မှတ်ချက် ဟာ ၄၅၀ ဝန်ကျင်အထိ ရှိနေတဲ့အတွက် အန္တရာယ်ရှိတဲ့ အခြေအနေအဖြစ် ဒေလီ ညစ်ညမ်းမှုထိမ်းသိမ်းရေး ကော်မတီက သတိပေးထားပါတယ်။
ဒေလီဟာ ကမ္ဘာပေါ်တွင် လေထုညစ်ညမ်းမှုအရှိဆုံးမြို့တွေထဲက တစ်ခုဖြစ်ပြီး ဖုန်မှုန့်တွေ၊ ရာသီဥတုဖောက်ပြန်မှုတွေ နဲ့ ယာဉ်အသွားအလာက ထွက်ရှိတဲ့ မီးခိုးငွေ့တွေ၊ စက်မှုလုပ်ငန်းတွေက ထုတ်လွတ်တဲ့ စွန့်ပစ်ပစ္စည်းတွေကြောင့် လေထုညစ်ညမ်းနေတာဖြစ်ပါတယ်။
နိုဝင်ဘာလ အတွင်းမှာတော့ အိမ်နီးချင်းပန်ဂျပ် ပြည်နယ်က လယ်သမားတွေဟာ ကောက်ပဲသီးနှံအမှိုက်တွေကို မီးရှို့လိုက်လို့ ထွက်ပေါ်လာတဲ့ မီးခိုးငွေ့တွေဟာ ဒေလီမြို့မှာ ရှိနေတဲ့ လေထုအတွင်းကို ဝင်ရောက်လာခဲ့ပြီး အဆိပ်သင့်လာခဲ့တာလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ ဒလီမြို့ကို တာဝန်ယူ အုပ်ချုပ်နေတဲ့ အတိုက်အခံ ပါတီက လေထုညစ်ညမ်းမှု ထိန်းသိမ်းရေး အစီအမံတွေ အကောင်အထည် ဖော်ပေးဖို့ ပျက်ကွက်တဲ့ အာဏာရ ပါတီကို အပြစ်တင်ထားပြီး အာဏာရ ပါတီကလည်း အတိုက်အခံ ပါတီကို ပြန်လည်အပြစ်တင်ထားပါတယ်။
— ကိုးကား —
BBC
Ref; Delhi air: Leaders trade barbs as India capital pollution worsens

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။