Trending Now

ကသာမြို့နယ်၌ အကြမ်းဖက်အဖွဲ့များ ကျေးရွာအတွင်းသို့ လက်နက်များဖြင့် လာရောက်ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူအမျိုးသား ၁ဦး ဒဏ်ရာရ

Spread the love

ကသာမြို့နယ်၌ အကြမ်းဖက်အဖွဲ့များ ကျေးရွာအတွင်းသို့ လက်နက်များဖြင့် လာရောက်ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူအမျိုးသား ၁ဦး ဒဏ်ရာရ
EPN
မြစ်ကြီးနား ၊ ဇွန် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး ၊ ကသာမြို့နယ်၊ ပေါမမြိုင်ကျေးရွာ၌ အကြမ်းဖက်အဖွဲ့များ ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် လာရောက်ပစ်ခတ်မှုကြောင့် လူနေအိမ် ၁ လုံး နှင့် အပြစ်မဲ့ပြည်သူ အမျိုးသား ၁ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ ယမန်နေ့က သတင်းထုတ်ပြန်ထားသည်။
ဇွန်လ ၂၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲ အချိန်တွင် ပေါမမြိုင်ကျေးရွာ အတွင်းသို့ PDF အဖွဲ့က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ၎င်းကျေးရွာနေ ဦးအုန်းမောင်(၆၀)နှစ်၏ နေအိမ်ပေါ်သို့ ကျရောက် ပေါက်ကွဲခဲ့ပြီး ဦးအုန်းမောင်တွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိကာ နေအိမ် အမိုး၊ အကာနှင့် ကြမ်းပြင်များ ပေါက်ပြဲပျက်စီးခဲ့ကြောင်းနှင့် ဒဏ်ရာရရှိသူ ဦးအုန်းမောင်အား ဆေးကုသနိုင်ရေး ကသာမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
ထိုသို့ မြို့ရွာများအတွင်းသို့ လက်လုပ် စိန်ပြောင်းများဖြင့် ပစ်ခတ်ကာ အပြစ်မဲ့ ပြည်သူများအား ထိခိုက်ဒဏ်ရာရရှိ သေဆုံးစေခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီး အရေးယူနိုင်ရေး နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေး လုပ်ငန်းစဉ်များနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှဆောင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။