Trending Now

နဂါးနှစ်ကောင် ဆရာတော်ကြီးသည် နိုင်ငံ့ဥသျှောင် အဓိပတိ ဆရာတော်ကြီးများတွင် ပါဝင်၍ အန္တိမအဂ္ဂိဈာပန ပူဇာသဘင်အား အခမ်းနားဆုံးဖြစ်အောင်ကျင်းပရန် နစက ဥက္ကဋ္ဌ မှာကြား

Spread the love

နဂါးနှစ်ကောင် ဆရာတော်ကြီးသည် နိုင်ငံ့ဥသျှောင် အဓိပတိ ဆရာတော်ကြီးများတွင် ပါဝင်၍ အန္တိမအဂ္ဂိဈာပန ပူဇာသဘင်အား အခမ်းနားဆုံးဖြစ်အောင်ကျင်းပရန် နစက ဥက္ကဋ္ဌ မှာကြား

EPN
တာချီလိတ်၊ ဖေဖော်ဝါရီ ၉ (၂၀၂၄)

နဂါးနှစ်ကောင် ဆရာတော်ကြီးသည် နိုင်ငံ့ဥသျှောင် အဓိပတိ ဆရာတော်ကြီးများတွင် ပါဝင်၍ အန္တိမအဂ္ဂိဈာပနပူဇာသဘင်အား အစည်ကားဆုံးနှင့် အခမ်းနားဆုံးဖြစ်အောင်ကျင်းပရန် နစက ဥက္ကဋ္ဌက မှာကြားခဲ့သည်။

နစက ဥက္ကဋ္ဌနှင့် ဇနီးတို့မှ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ နဂါးနှစ်ကောင်ကျောင်းတိုက်တွင် သီတင်းသုံးနေတော်မူရာမှ ပျံလွန်တော်မူသွားခဲ့သည့် နဂါးနှစ်ကောင်ဆရာတော်ကြီး၏ ဥတုဇရုပ်ကလပ်တော်အား ယမန်နေ့ ဖေဖော်ဝါရီ ၈ ရက်၊ မွန်းလွဲပိုင်းက ဖူးမြှော်ကြည်ညိုစဥ် တာဝန်ရှိသူများကို မှာကြားခဲ့ခြင်း ဖြစ်သည်။

နစက ဥက္ကဋ္ဌနှင့် ဇနီးတို့သည် နဂါးနှစ်ကောင်ဆရာတော်ကြီး၏ ဥတုဇရုပ်ကလပ်တော်အား ဖူးမြှော်ကြည်ညိုပြီးနောက် ဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပနကျင်းပရေး နာယကအဖွဲ့ဝင်များဖြစ်သော သီလဓမ္မကုန်းသာတောရကျောင်းတိုက် ဦးစီးပဓာနနာယက (ဝစီပိတ်) ဆရာတော် ဘဒ္ဒန္တကောဝိဒအမှူးပြုသည့် ဆရာတော်ကြီးများအားဖူးမြော်ကြည်ညို၍ အန္တိမအဂ္ဂိဈာပနပူဇာသဘင် အခမ်းအနားပြုလုပ်မည့်အခြေအနေများကို လျှောက်ထားဆွေးနွေးခဲ့သည်။

ယင်းနောက် တာဝန်ရှိသူများနှင့် တွေ့ဆုံကာ နဂါးနှစ်ကောင် ဆရာတော်ကြီးသည် နိုင်ငံ့ဥသျှောင် အဓိပတိဆရာတော်ကြီးများတွင် ပါဝင်၍ အန္တိမအဂ္ဂိဈာပနပူဇာသဘင် အခမ်းအနားအား စည်ကားသိုက်မြိုက်စွာနှင့် အခမ်းနားဆုံးဖြစ်အောင် ကျင်းပရန် မှာကြားခဲသည်။

၎င်းအပြင် ရပ်ဝေးမှလာရောက်သည့် ဆရာတော်၊ သံဃာတော်များ၊ သီလရှင်များနှင့် ပြည်သူများ သွားလာရေး၊ တည်းခိုနေထိုင်ရေးနှင့် စားသောက်ရေးတို့တွင် အဆင်ပြေချောမွေ့မှု ရှိစေရန်၊ သောက်သုံးရေများ လုံလောက်စွာ ရရှိရန်နှင့် လိုအပ်သည်များကိုလည်း မှာကြားခဲ့သည်။

ယင်းနောက် နစက ဥက္ကဋ္ဌနှင့် ဇနီးတို့သည် ဝစီပိတ်ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး မေတ္တာသုတ် ပရိတ်တရားတော်များ နာယူကြည်ညိုကာ ဆရာတော်ကြီးများထံသို့ နဂါးနှစ်ကောင်ဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပနပူဇာသဘင်အခမ်းအနား ကျင်းပနိုင်ရန် အလှူတော်ငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီးနောက် တာချီလိတ်မြို့၊ မဟာဗောဓိကမဋ္ဌာန်းကျောင်းတိုက် မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တဉာဏသီရိထံမှ အနုမောဓနာတရားနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

တာချီလိတ်မြို့ရှိ နဂါးနှစ်ကောင်ကျောင်းတိုက် ပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တဓမ္မသီရိ သက်တော် (၉၆)နှစ်၊ ဝါတော် (၇၇)ဝါသည် ဖေဖော်ဝါရီ ၈ ရက်က ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။