Trending Now

မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းတွင် လူဦးရေ၁၀၀ခန့် နေထိုင်နိုင်သည့် အဆောင်သစ် လာမည့်နှစ်တွင်ဖွင့်လှစ်နိုင်ရန် ပြင်ဆင်

Spread the love

မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းတွင် လူဦးရေ၁၀၀ခန့် နေထိုင်နိုင်သည့် အဆောင်သစ် လာမည့်နှစ်တွင်ဖွင့်လှစ်နိုင်ရန် ပြင်ဆင်

EPN
မြစ်ကြီးနား၊ မတ်လ ၅

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်ရှိ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်းတွင် လာမည့်နှစ်အတွင်း လူဦးရေ ၁၀၀ ခန့် ဝင်ဆံ့နိုင်သည့် အဆောင်သစ်ဖွင့်လှစ်နိုင်ရန် ပြည်ထောင်စုအစိုးရထံတင်ပြထားကြောင်းသိရသည်။

မူးယစ်ဆေးဖြတ်ပြီးသူများအတွက် ပြန်လည်ထူထောင်ရေးသင်တန်းများပြုလုပ်ရာတွင် လက်ရှိအချိန်ထိ သင်တန်းတစ်ကြိမ်လျှင် လူဦးရေ ၂၀ခန့်သာ တက်ရောက်ခွင့်ရပြီး လူဦးရေ အမြောက်အများ သင်ကြားနိုင်ရန်ရည်ရွယ်ကာ အဆောင်သစ်ဖွင့်လှစ်သွားရန် ပြင်ဆင်နေကြောင်း ကချင်ပြည်နယ် မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

” ကျနော်တို့ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းကနေ ပြန်လည်ထူထောင်ပေးနိုင်တဲ့လူဦးရေက တစ်နှစ်မှာ ၆၀လောက်ပဲရှိတယ်။ နောက်ပြီး ကချင်ပြည်နယ် တစ်ခုလုံးမှာဆိုရင်လဲ ဒီစခန်းတစ်ခုပဲ ထူထောင်နိုင်သေးတယ်၊ နောက်ပြီး ဘိန်းဖြူ၊ ဘိန်မဲ ဖြတ်ပြီးသူများအတွက်လောက်ပဲ အဓိကထား ပြန်လည်ထူထောင်ပေးနိုင်သေးတယ်၊ တခြားမူးယစ်ဆေးနဲ့ပက်သက်ပြီး ဖြတ်ပြီးသူတွေအတွက်ပြန်လည်ထူထောင်နိုင်ရေးသင်တန်းတွေမှာ ပါဝင်ခွင့်မရသေးဘူး၊ ဒါကြောင့် ပြန်လည်ထူထောင်ရေးစခန်းကနေ နောက်နှစ်တွေမှာ မူးယစ်ဆေးဖြတ်ပြီးသူတော်တော်များများအတွက် သင်တန်းတွေပို့ချသွားနိုင်အောင် လူတစ်ရာ ဆံ့တဲ့ အဆောင်သစ်ဆောက်လုပ်နိုင်ဖို့ ပြည်ထောင်စုအစိုးရကိုတင်ပြထားတယ်။” ဟု ၎င်းကပြောသည်။

အဆိုပါ ပြန်လည်ထူထောင်ရေးစခန်းတွင် ပြန်လည်ထူထောင်ရေး သင်တန်းလာရောက်တက်သူအများစုမှာ တနိုင်းနှင့် ဖားကန့်မြို့နယ်များမှ ဖြစ်ကြပြီး ယင်သင်တန်း တိုးချဲ့နိုင်ပါက မူးယစ်ဆေးဖြတ်ပြီးသူများအတွက် များစွာအကျိုး ရှိလာမည်ဖြစ်ကြောင်း မူးယစ်ဆေးဖြတ်ပြီးသူ တစ်ဦးကပြောသည်။

” ကျနော်တို့ အမှားတစ်ခုကြောင်း မူးယစ်နွံထဲကျရောက်ခဲ့တယ် ဒါပေမဲ့ အဲ့လိုမကောင်းတာတွေပြင်ဆင်နိုင်ဖို့ ဒီမူးယစ်ဖြတ်ပြီးသူတွေအတွက် ပြန်လည်ထူထောင်ရေးသင်တန်းကိုရောက်ခဲ့တယ်၊ ဒီကနေ ရတဲ့ အတက်ပညာတွေကနေ့ ဘဝအသစ်ပြန်လည်ထူထောင်ပေးနိုင်အောင်သင်ကြားပေးတယ်၊ အခုလို မူးယစ်နွံထဲကနေ ရုန်းထွက်မဲ့ သူတွေအတွက် တိုးချဲ့ဆောင်ရွက်ပေးနိုင်မယ် ၊ သင်တန်းသားဦးရေတိုးပြီး သင်ကြားပို့ချပေးနိုင်ရင် မူးယစ်ဖြတ်ပြီးသူအများကြီးအတွက် ပိုပြီးအကျိုးရှိလာမယ်လို့ယုံကြည်တယ်” ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့်၂၀၂၁ ခုနှစ်အတွင်း ကချင်ပြည်နယ် မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်းမှ သင်တန်းသားဦးရေ ၄၀ ပြန်လည်ထူထောင်ပေးနိုင်ခဲ့ပြီး ကိုဗစ်နိုင်တင်းရောဂါအခြေအနေကြောင့် သင်တန်း ၂ ကြိမ်သာ ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်းသိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။