Trending Now

တရုတ်နိုင်ငံဘက်က အနီရောင်မျဉ်းကို ဖြတ်သန်းလာမယ်ဆိုရင် ထိုင်ဝမ်က လက်တုံပြန်တိုက်ခိုက်သွားမှာဖြစ် ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးပြော

Spread the love

တရုတ်နိုင်ငံဘက်က အနီရောင်မျဉ်းကို ဖြတ်သန်းလာမယ်ဆိုရင် ထိုင်ဝမ်က လက်တုံပြန်တိုက်ခိုက်သွားမှာဖြစ် ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးပြော

EPN
နိုင်ငံတကာ၊ အောက်တိုဘာ ၅

တရုတ်နိုင်ငံဟာ အလယ်မျဉ်းကို ဖျက်ဆီးပြီးသွားပြီဖြစ်ပေမဲ့လည်း ထိုင်ဝမ်ရေလက်ကြား အရှေ့ဘက်ခြမ်းက အနီရောင်မျဉ်းကို ဖြတ်သန်းလာမယ်ဆိုရင် ထိုင်ဝမ်နိုင်ငံအနေနဲ့ တန်ပြန်တိုက်ခိုက်သွားမှာဖြစ်ကြောင်း ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးက အောက်တိုဘာလ ၅ ရက် (ဗုဒ္ဓဟူးနေ့) က ပြောကြားလိုက်ပါတယ်။

သြဂုတ်လ အစောပိုင်းတုန်းက တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ဟာ ထိုင်ဝမ်ကျွန်းပတ်ပတ် လည်မှာ ကျည်စစ်ကျည်မှန်နဲ့ ပစ်ခတ်တဲ့ စစ်ရေးလေ့ကျင့်မှုဇုံ ခြောက်ခုကို သတ်မှတ်ခဲ့ပြီး အဲဒီနယ်မြေတစ် ဝိုက်ကနေရာတချိုကို ဒေါင်းဖန်ဒုံးကျည် ၁၁ စင်း ပစ်ခတ်ခဲ့ပါတယ်။

စစ်ရေးလေ့ကျင့်မှုပြုလုပ်ပြီးနောက်ပိုင်းမှာလည်း PLA လေယာဉ်တွေဟာ ထိုင်ဝမ်လေကြောင်းရန်ကာကွယ်ရေး သတ်မှတ်ဖော်ထုတ်ရေးဇုံထဲကို အကြိမ်ကြိမ်ကျူးကျော်ဝင်ရောက်ခဲ့ပြီး အလယ်မျဉ်းကို ဖြတ်ကျော်ခဲ့တယ်လို ဆိုပါတယ်။

ထိုင်ဝမ် Yuan လွှတ်တော်မှာ အောက်တိုဘာလ ၅ ရက်နေ့က နိုင်ငံခြားရေးရာနဲ့ အမျိုးသားကာကွယ်ရေး ကော် မတီအစည်းအဝေးကျင်းပနေစဉ် ဒီမိုကရက်တစ်ဖွံဖြိုးတိုးတက်ရေးပါတီ (DPP) က လွှတ်တော်အမတ် လိုချင်း ချန်းက ကာကွယ်ရေးဝန်ကြီး ချူကိုချန်းကို အလယ်မျဉ်းဆိုတာရောရှိနေတုန်းပဲလားလိုမေးမြန်းခဲ့ပါတယ်။

ကာကွယ်ရေးဝန်ကြီးချူကိုချန်းက ထိုင်ဝမ်ရေလက်ကြားက အလယ်မျဉ်းဆိုတာ မူလက အပြန်အလှန်နားလည် မှုနဲ့ထားခဲ့တဲ့သဘောတူညီချက်တစ်ခုဖြစ်ပေမဲ့လည်း အဲဒီအပြန်အလှန်နားလည်မှုကို တရုတ်ပြည်သူ့သမ္မတနိုင် ငံဘက်က ဖျက်ဆီးပစ်လိုက်ပြီဖြစ်ပြီး နဂိုအခြေအနေရောက်အောင် ပြန်လည်ထိန်းသိမ်းဖို မလွယ်ကူတော့ဘူး လို ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဒါပေမဲ့ ထိုင်ဝမ်တပ်မတော်အနေနဲ့ ပြောင်းလဲထားခြင်းမရှိတဲ့ အလယ်မျဉ်းရဲ့ အရှေ့ဘက်နယ်မြေနဲ့ လေ့ကျင့် ရေးဇုံတွေမှာ ကင်းလှည့်နေကြောင်း ချူကိုချန်းက ပြောပါတယ်။

ထိုင်ဝမ်တပ်မတော်အနေနဲ့ ပြောင်းလဲခြင်းမရှိ ဘဲ အလျှော့ပေးသွားမှာမဟုတ်ကြောင်း အနီရောက်မျဉ်းသတ် မှတ်ထားတာရှိကြောင်း ချူကပြောပါတယ်။

တကယ်လို အနီရောင်မျဉ်းကို ဖြတ်သန်းလာရင်တော့ ထိုင်ဝမ်တပ်မတော်က ပြန်လည်တိုက်ခိုက်သွားမှာဖြစ် ကြောင်း ကာကွယ်ရေးဝန်ကြီး ချူကိုချန်းကိုက ပြောပါတယ်။

ပထမဦးဆုံးအကြိမ်တိုက်ခိုက်မှုဆိုတာ ရန်သူ့ဘက်က အမြောက်တွေနဲ့ပစ်ခတ်တာတစ်ခုတည်းကို ကန့်သတ် ထားတာမဟုတ်ဘဲ ရန်သူ့ဂျက်တိုက်လေယာဉ်တွေ ထိုင်ဝမ်လေကြောင်းပိုင်နက်ထဲကို ဝင်ရောက်လာတာပါ ပါ ဝင်တယ်မဟုတ်လားလို လွှတ်တော်အမတ်လိုချင်းချန်းက မေးမြန်းရာမှာ ဝန်ကြီးချူကိုချန်းက “ဟုတ်ပါတယ်။ မှန်ပါတယ်။” လို ပြန်လည်ဖြေကြားခဲ့ပါတယ်။

Ref: Taiwan will fight back if China crosses red line: Defense minister


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။