Trending Now

တောင်ကိုရီးယားက အငြင်းပွားကျွန်းစုအနီး စစ်ရေးလေ့ကျင့်မှု ပြုလုပ်

Spread the love

တောင်ကိုရီးယားက အငြင်းပွားကျွန်းစုအနီး စစ်ရေးလေ့ကျင့်မှု ပြုလုပ်

EPN
နိုင်ငံတကာ၊ ဇွန် ၆

ဂျပန်နိုင်ငံနှင့် တင်းမာမှုများ ပြန်လည်ဖြစ်ပွားနေစဉ် တောင်ကိုရီးယားနိုင်ငံက ယခုသီတင်းပတ်အစော ပိုင်းတွင် အရှေ့ဖက်စွန်းရှိ ဒို့ခ်ဒိုကျွန်းစုဝန်းကျင်၌ စစ်ရေးလေ့ကျင့်မှုတစ်ခု ပြုလုပ်ခဲ့ကြောင်း သတင်းရင်းမြစ်များ က ယနေ့ ပြောကြားလိုက်သည်။

တောင်ကိုရီးယားရေတပ်က F-15K ဂျက်တိုက်လေယာဉ်များ အပါအဝင် စစ်ရေယာဉ်ရှစ်စင်းနှင့် လေ ယာဉ်ငါးစင်းပါဝင်သော အဆိုပါစစ်ရေးလေ့ကျင့်မှုကို ဇွန်လ ၂ ရက်က လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဂျပန်နိုင်ငံနှင့် တင်းမာမှုများ မဖြစ်ပွားလိုသောကြောင့် စစ်ရေးလေ့ကျင့်မှုကို တရားဝင် မကြေညာခဲ့ပေ။

တောင်ကိုရီးယားနိုင်ငံက ၁၉၈၆ နှစ်တွင် ဒို့ခ်ဒိုစစ်ရေးလေ့ကျင့်မှုကို စတင်ခဲ့သည်။ ၂၀၀၃ ခုနှစ်နောက်ပိုင်း ကျောက်ဆောင်ထူထပ်ရာ အဆိုပါရေပိုင်နက်အတွင်း ပြည်ပမှစိမ့်ဝင်လာမှုကို ပိုမိုကောင်းမွန်စွာ တားဆီးရန် တောင်ကိုရီးယားနိုင်ငံက တစ်နှစ်လျင်နှစ်ကြိမ် ဇွန်လနှင့် ဒီဇင်ဘာလအတွင်း စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ သည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်း တောင်ကိုရီးယားတပ်မတော်က ရာသီဥတုဆိုးရွားမှုကြောင့် အဆိုပါ စစ်ရေးလေ့ကျင့်မှုအစား ကွပ်ကဲမှုဆိုင်ရာလေ့ကျင့်မှုတစ်ခု အစားထိုးပြုလုပ်ခဲ့သည်။

ယခုစစ်ရေးလေ့ကျင့်မှုကို ဂျပန်နိုင်ငံက သံခင်းတမန်ခင်းဆိုင်ရာစာအုပ်တွင် တောင်ကိုရီးယားနိုင်ငံပိုင် ဒို့ခ်ဒိုကျွန်းစုကို ယင်း၏ပိုင်နက်နယ်မြေအဖြစ် ဖော်ပြပြီး နှစ်ပတ်အကြာတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

စစ်ပွဲကာလခေတ်တွင် အဓမ္မစေခိုင်းခံရသည့် ကိုရီးယားအလုပ်သမားများကို လျော်ကြေးပေးရန် တောင် ကိုရီးယား တရားရုံးချုပ်၏ ၂၀၁၈ ခုနှစ် ဆုံးဖြတ်ချက်အပေါ် လက်တုံ့ပြန်မှုတစ်ခုအဖြစ် ရှုမြင်ထားသည့် ပြီးခဲ့သည့် နှစ် ဇူလိုင်လနောက်ပိုင်း ဂျပန်နိုင်ငံက ပို့ကုန်ထိန်းချုပ်မှုများ ပြုလုပ်ခဲ့ပြီးနောက် တောင်ကိုရီးယားနှင့်ဂျပန်ကြား တင်းမာမှုများ ရှိလာခဲ့သည်။

ထိန်းချုပ်မှုများရုတ်သိမ်းရန် ဂျပန်နိုင်ငံက ငြင်းဆန်ခဲ့မှုကြောင့် ပို့ကုန်ကန့်သတ်ချက်များနှင့်ပတ်သက်၍ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲနှင့် အငြင်းပွားမှုဖြေရှင်းရေးဆောင်ရွက်မှုများ ပြန်လည်စတင်မည်ဟု တောင်ကိုရီးယား ကုန်သွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ယခုသီတင်းပတ်အစောပိုင်းတွင် တောင်ကိုရီးယား အလုပ်သမားများကို လျော်ကြေးပေးရန် ဂျပန်ကုမ္ပဏီ တစ်ခု၏ ပိုင်ဆိုင်မှုများရောင်းချမည့် လုပ်ငန်းစဉ်တစ်ခုစတင်ရန် တောင်ကိုရီးယား ဒေသန္တရ တရားရုံးတစ်ရုံးက ဆုံးဖြတ်ခဲ့ရာ ဂျပန်နိုင်ငံက ပြင်းပြင်းထန်ထန် ကန့်ကွက်မှုများ ပြုလုပ်ခဲ့သည်။

၁၉၄၅ ခုနှစ်တွင် ကိုလိုနီဂျပန်တို့၏လက်အောက်မှ လွတ်မြောက်ချိန်ကတည်းက တောင်ကိုရီးယားနိုင်ငံ က ဒို့ခ်ဒိုကျွန်းစု၌ ရဲတပ်ဖွဲ့ဝင် အင်အားအနည်းငယ်ဖြင့် ထိရောက်စွာ ထိန်းချုပ်နိုင်ခဲ့သည်။

–ကိုးကား–
ယွန်ဟပ်
Ref; S.Korea conducted Dokdo defense exercise this week


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။