Trending Now

လိုလားချက်များကို လက်နက်ကိုင်၍ တောင်းဆိုခြင်းအား တပ်မတော်မှ လုံးဝလက်ခံမည် မဟုတ်ဟု နစက ဥက္ကဋ္ဌ ပြောကြား

Spread the love

လိုလားချက်များကို လက်နက်ကိုင်၍ တောင်းဆိုခြင်းအား တပ်မတော်မှ လုံးဝလက်ခံမည် မဟုတ်ဟု နစက ဥက္ကဋ္ဌ ပြောကြား

EPN
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄ (၂၀၂၄)

ပါတီစုံဒီမိုကရေစီ စနစ်တွင် သဘောထားကွဲလွဲမှုများ ရှိမည်ဖြစ်သော်လည်း လိုလားချက်များကို လက်နက်ကိုင်၍ တောင်းဆိုခြင်းအား တပ်မတော်မှ လုံးဝလက်ခံမည် မဟုတ်ဟု နစက ဥက္ကဋ္ဌ၊ ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

နစက ဥက္ကဋ္ဌမှ ယမန်နေ့ ဖေဖော်ဝါရီ ၁၃ ရက်၊ မွန်းလွဲပိုင်းက နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၄၂ ပါတီမှ ဥက္ကဋ္ဌများ၊ ဒု-ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများကိုတွေ့ဆုံစဥ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ဆက်လက်လျှောက်လှမ်းရေးနှင့် ခိုင်မာစေရေးကို အာမခံထားပြီးဖြစ်၍ ပါတီများအနေဖြင့် ပါတီနိုင်ငံရေး လှုပ်ရှားမှု ရှိရမည်ဖြစ်ကာ နိုင်ငံ့အရေးကို ဆောင်ရွက်သည့် နိုင်ငံ ရေးကိုလည်း ဆောင်ရွက်ရမည်ဟု မှာကြားသည်။

၎င်းအပြင် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)အပေါ်တွင်သာ ရပ်တည် ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

” ပါတီစုံဒီမိုကရေစီ စနစ်မှာ သဘောထားကွဲလွဲမှုတွေ ရှိမှာဖြစ်ပေမယ့် လိုလားချက်တွေကို အကြမ်းဖက်တဲ့လမ်းစဉ်နဲ့ လက်နက်ကိုင်ပြီး တောင်းဆိုလို့မရဘဲ ဥပဒေအရသာ တောင်းဆိုရမှာဖြစ်ပါတယ်။ နိုင်ငံရေးနည်းလမ်းအရ မဟုတ်ဘဲ လက်နက်ကိုင် တောင်းဆိုတာကို တပ်မတော်အနေနဲ့ လုံးဝလက်ခံမှာ မဟုတ်ပါဘူး ” ဟု နစက ဥက္ကဋ္ဌကပြောသည်။

၎င်းအပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိုလည်း တပ်မတော်အနေဖြင့် သဘောတူညီထားပြီးဖြစ်၍ ပြင်ဆင်သင့်သည့် ဥပဒေများကို လွှတ် တော်လမ်းကြောင်းပေါ်၌ ပြင်ဆင်သွားမည်ဖြစ်ကာ လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲဖြစ်ပေါ်လာစေရန် တည်ငြိမ်အေးချမ်းရေးကို အလေးထားဆောင်ရွက်လျက်ရှိသည်ဟု ပြောကြားခဲ့သည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။