Trending Now

ဘင်္ဂလားဒေ့ရှ်ဘက်ကို လေယာဉ်ကျည်ကျတယ်ဆိုပြီး မြန်မာသံအမတ်ကြီးကို ထပ်မံဆင့်ခေါ်၊ ၁၅ ရက်အတွင်း မြန်မာသံအမတ်ကြီးကို ဆင့်ခေါ်တာ သုံးကြိမ်ရှိပြီဖြစ်

Spread the love

ဘင်္ဂလားဒေ့ရှ်ဘက်ကို လေယာဉ်ကျည်ကျတယ်ဆိုပြီး မြန်မာသံအမတ်ကြီးကို ထပ်မံဆင့်ခေါ်၊ ၁၅ ရက်အတွင်း မြန်မာသံအမတ်ကြီးကို ဆင့်ခေါ်တာ သုံးကြိမ်ရှိပြီဖြစ်
EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၅
မြန်မာနိုင်ငံက လေယာဉ်ပေါ်ကပစ်တဲ့ကျည်တွေ စက်တင်ဘာလ ၃ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကိုကျ ရောက်ခဲ့တယ်ဆိုပြီး ဘင်္ဂလားဒေ့ရှ်အစိုးရက ကန့်ကွက်လွှာတစ်စောင် ထပ်မံတင်သွင်းသွားပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကို ဆင့်ခေါ်ခဲ့ပါတယ်။
တရားဝင်ကန့်ကွက်လွှာကို မြန်မာသံအမတ်ကြီး ဦးအောင်ကျော်မိုးထံကို လွှပြောင်းပေးလိုက်ကြောင်း ဘင်္ဂလား ထရီဗျူးသတင်းစာက ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ၁၅ ရက်အတွင်းမှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနဟာ မြန်မာသံအမတ်ကြီးကို သုံးကြိမ်ဆင့် ခေါ်ခဲ့တယ်လို သိရပါတယ်။ အခုတစ်ကြိမ်မှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် မီယာ မိုင်နူကာဘီယာက မြန်မာသံအမတ်ကြီးကို ဆင့်ခေါ်ခဲ့တာဖြစ်ပါတယ်။
“မြန်မာသံအမတ်ကြီးကို ဒီကနေ့မနက်မှာဆင့်ခေါ်ခဲ့ပြီး တစ်နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဖြစ်ပွားနေတဲ့ အဖြစ်အပျက်တွေနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံက စိတ်အနှောင့်အယှက်ဖြစ်ရတာတွေကို သံအမတ်ကြီးကို ပြောဆိုခဲ့ပါတယ်။” လို နိုင်ငံခြားရေးဝန်ကြီးဌာနအရာရှိတစ်ဦးက ဘင်္ဂလား ထရီဗျူးသတင်းစာကိုပြောပါတယ်။
မြန်မာသံအမတ်ကြီးကို ဘင်္ဂလားဒေ့ရှ် ပက်ဒ်မာနိုင်ငံတော်ဧည့်ဂေဟာကို ဆင့်ခေါ်ခဲ့တာဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောပါတယ်။
စက်တင်ဘာလ ၃ ရက် (စနေနေ့) နေ့က မြန်မာလုံခြုံရေးတပ်ဖွဲဝင်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘန်ဒါဘန်ခ ရိုင်အတွင်းရှိ နယ်စပ်အတွင်းပိုင်းကို ဂျက်တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို ဆိုပါ တယ်။
စက်တင်ဘာလ ၃ ရက် မနက် ၉ နာရီ ၂၀ မိနစ်ဝန်းကျင်မှာ ဂမ်ဒမ်နယ်မြေအတွင်း တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေကနေ ဒုံးကျည်တွေ၊ စက်သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လိုဆိုပါတယ်။
သီတင်းပတ်တစ်ပတ်အတွင်း မြန်မာ့လုံခြုံရေးတပ်ဖွဲဝင်တွေ ဒုတိယအကြိမ်မြောက်နယ်စပ်ကျူးကျော်ဝင်ရောက် လာပြီးနောက်မှာ အခြေအနေတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ထပ်ကြပ်မကွာစောင့်ကြည့်နေကြောင်း နိုင်ငံ ခြားရေးဝန်ကြီး အေကေအဗ္ဗဒူမိုမန်က ပြောပါတယ်။
“အကြမ်းဖက်မှုတွေက မြန်မာနိုင်ငံထဲမှာ ဆက်လက်ဖြစ်ပွားနေပါတယ်။ ကျွန်တော်တို နယ်စပ်ဒေသကို ပိတ် ထားလိုက်ပါတယ်။ မြန်မာနိုင်ငံဘက်က ဆက်ပြီးတော့ ဘယ်လောက်ပဲရန်စနေသည်ဖြစ်စေ နယ်စပ်ဖြတ်ပြီး ကျွန်တော်တိုနိုင်ငံထဲကို ဘယ်သူ့ကိုမှ ဝင်လာခွင့်ပြုမှာ မဟုတ်ပါဘူး။” လို ၎င်းက ပြောပါတယ်။
မြန်မာနိုင်ငံဘက်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင်နက်ထဲကို ဘယ်သူမှဝင်မလာနိုင်အောင် ဘင်္ဂလားဒေ့ရှ် နယ်ခြား စောင့်တပ်ဖွဲကို တပ်လှန့်ထားတယ်လိုလည်း ၎င်းက ပြောပါတယ်။
Ref: Dhaka again summons Myanmar ambassador over shells landing in Bangladesh

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။