Trending Now

ရုရှားနိုင်ငံက နျူကလီးယားသယ်ဆောင်နိုင်တဲ့ သဏ္ဍန်တူဒုံးကျည်စမ်းသပ်ပစ်ခတ်

Spread the love

ရုရှားနိုင်ငံက နျူကလီးယားသယ်ဆောင်နိုင်တဲ့ သဏ္ဍန်တူဒုံးကျည်စမ်းသပ်ပစ်ခတ်

EPN
နိုင်ငံတကာ၊ မေ ၆

ရုရှားတပ်မတော်က နိုင်ငံအနောက်ပိုင်းမှာရှိတဲ့ ကာလီနင်ဂရက်ဒေသမှာ နျူကလီးယားထိပ်ဖူးသယ်ဆောင်နိုင် တဲ့ သဏ္ဍန်တူဒုံးကျည်ကို လေ့ကျင့်ပစ်ခတ်ခဲ့တယ်လို့ ရုရှားအစိုးရက မေလ ၅ ရက်နေ့ကပြောကြားလိုက်ပါ တယ်။

အနောက်လိုလားတဲ့ ယူကရိန်းနိုင်ငံကို ရုရှားနိုင်ငံက ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ရက်ပေါင်း ၇၀ ရက်နေ့မှာ အခု ကြေညာချက်ထွက်ပေါ်လာတာဖြစ်ပြီး စစ်ပွဲကြောင့် လူဦးရေထောင်နဲ့ချီ သေဆုံးခဲ့ကာ လူဦးရေ ၁၃ သန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရပါတယ်။

လွန်ခဲ့တဲ့ ဖေဖော်ဝါရီလ နှောင်းပိုင်းမှာ ရုရှားတပ်တွေကို ယူကရိန်းနိုင်ငံကိုစေလွှတ်ပြီးနောက် ရုရှား နည်းဗျူ ဟာ နျူကလီးယားလက်နက်တွေကို တပ်ဖြန့်ချထားဖို့ စိတ်အားထက်သန်နေကြောင်း ရုရှားသမ္မတဗလာဒီမာ ပူတင်က ရိုးတိုးရိပ်တိတ် ပြောဆိုခဲ့ပါတယ်။

မေလ ၅ ရက်နေ့က ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ပိုလန်နဲ့ လစ်သူယေးနီးယားနိုင်ငံကြားမှာရှိတဲ့ ဘော်လတစ်ပင် လယ်ပြင်မှာ စစ်ရေးလေ့ကျင့်မှုဆောင်ရွက်ရာမှာ ရုရှားနိုင်ငံက နျူကလီးယားထိပ်ဖူးသယ်ဆောင်နိုင်တဲ့ အိစ် ကန်ဒါပဲ့ထိန်းဒုံးကျည်တွေကို စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။

ရုရှားတပ်တွေဟာ ဖန်တီးပြုလုပ်ထားတဲ့ ရန်သူ့ဒုံးကျည်စခန်းတွေ၊ လေယာဉ်ကွင်းတွေ၊ အခြေခံအဆောက်အ အုံတွေ၊ စစ်လက်နက်ပစ္စည်းတေါနဲ့ ရန်သူ့ကွပ်ကဲရေးဌာနချုပ်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ် ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနကပြောပါတယ်။

အီလက်ထရောနစ်စစ်ဆင်ရေးပစ်ခတ်မှုတွေဆောင်ရွက်ပြီးတဲ့နောက်မှာ ရန်သူ့တန်ပြန်ပစ်ခတ်မှုကို ရှောင်ရှား နိုင်ဖို့အတွက် ရုရှားတပ်ဖွဲ့ဝင်တွေ နေရာပြောင်းရွှေ့ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ရုရှားတိုက်ခိုက်ရေးအုပ်စုဟာ ရေဒီယိုသတ္တိကြွမှုနဲ့ ဓာတုအဆိပ်အတောက်ပြန့်နှံ့မှုတွေကို ကာကွယ်ရှောင်ရှားတဲ့ လေ့ကျင့်မှုတွေကိုလည်း ဆောင်ရွက်ခဲ့ပါတယ်။

စစ်ရေးလေ့ကျင့်မှုမှာ ရုရှားတပ်ဖွဲ့ဝင်အင်အား ၁၀၀ ကျော်ပါဝင် ဆင်နွှဲခဲ့တယ်လို့ သိရပါတယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ရုရှားတပ်ဖွဲ့တွေ ယူကရိန်းနိုင်ငံကို ဝင်ရောက်တိုက်ခိုက်ပြီးနောက်မှာ ရုရှားနိုင်ငံက ၎င်းတို့ရဲ့နျူကလီးယားတပ်ဖွဲ့တွေကို အမြင့်ဆုံးတပ်လှန့်ထားခဲ့ပါတယ်။

ယူကရိန်းပဋိပက္ခမှာ ဝင်ရောက်စွက်ဖက်တဲ့နိုင်ငံမှန်သမျှကို လျှပ်ပြက်သလိုအရှိန်မျိုးနဲ့ တုံ့ပြန်တိုက်ခိုက်သွားမှာ ဖြစ်ကြောင်း သမ္မတပူတင်က သတိပေးခဲ့ပါတယ်။

Ref: Russia Practises Nuclear-Capable Missile Strikes: Ministry

 


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။