Trending Now

ဆားလင်းကြီးမြို့နယ်မှာ နေအိမ်ထဲ မိသားစုနဲ့ အတူရှိနေတဲ့ လူတစ်ဦးကို အကြမ်းဖက်သမား ၃ ဦးက သေနတ်နဲ့ ပစ်သတ်

Spread the love

ဆားလင်းကြီးမြို့နယ်မှာ နေအိမ်ထဲ မိသားစုနဲ့ အတူရှိနေတဲ့ လူတစ်ဦးကို အကြမ်းဖက်သမား ၃ ဦးက သေနတ်နဲ့ ပစ်သတ်

EPN

ဆားလင်းကြီး ၊ ဖေဖော်ဝါရီ ၁၃

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ် ၊ လက်ပံကျွန်းကျေးရွာမှာ မိသားစုနဲ့အတူ အိမ်ထဲမှာရှိနေတဲ့ အသက် ၅၀ ကျော် လူတစ်ဦးကို အကြမ်းဖက် လူသုံးယောက်က အခုလ ၁၂ ရက် ၊ မနေ့က နေ့ခင်း ၁၂ နာရီမှာ သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ ဆားလင်းကြီးမြို့ခံတွေထံက သိရပါတယ်။

သေဆုံးသူ ဦးမြင့် ဆိုသူက ရိုးရိုးအေးအေး နေတတ်တဲ့သူပါ ၊ မိသားစုနဲ့အတူ အိမ်ထဲမှာရှိနေတုန်း သေနတ်ကိုင် လူသတ်သမား သုံးယောက်က အိမ်ထဲဝင်ပြီး ဦးမြင့်ရဲ့ ဦးခေါင်းကို တေ့ပြီး ပစ်သတ်သွားတာ ” လို့် သေဆုံးသူရဲ့ ဆွေမျိုးသားချင်း တစ်ယောက်က ပြောပါတယ်။

ဒါ့အပြင် မနေ့က ညနေ ၅ နာရီခွဲအချိန်က
စစ်ကိုင်းခရိုင် ၊ မြင်းမူမြို့နယ် ၊ မဓုရကျေးရွာနေ ဦးဝင်းပို ဆိုသူရဲ့နေအိမ်ကို အကြမ်းဖက် လူသတ်သမား ၁၂ ယောက်ဟာ ဆိုင်ကယ် ၆ စီးနဲ့ရောက်လာပြီး မိသားစုနဲ့အတူ နေအိမ်ထဲမှာရှိနေတဲ့ အိမ်ရှင် ဦးဝင်းပိုကိုယ် သေနတ်နဲ့ ပစ်သတ်သွားတဲ့ဖြစ်စဥ် ပေါ်ပေါက်ခဲပါသေးတယ်။

သွန်းသွန်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။