Trending Now

မြန်မာအမျိုးသမီး နှစ်ဦးကို ဆုချီးမြှင့်လိုက်တဲ့ အမေရိကန်

Spread the love

မြန်မာအမျိုးသမီး နှစ်ဦးကို ဆုချီးမြှင့်လိုက်တဲ့ အမေရိကန် 

EPN
နိုင်ငံတကာ၊ မတ် ၁၉

အမေရိကန်သံရုံးက နှစ်စဉ်ချီးမြှင့်တဲ့ အပြောင်းအလဲအတွက် အမျိုးသမီးများဆု (Women of Change Award) ကို ငြိမ်းချမ်းရေးလှုပ်ရှားသူ ဒေါ်နန်ပူ နဲ့ မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ၊ သတင်းသမား စိုးစံထိုက်တို့ရရှိသွားခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာအမေရိကန် သံရုံးက ဆိုပါတယ်။ ငြိမ်းချမ်းရေးလှုပ်ရှားသူဒေါ်နန်ပူဟာ လက်ရှိမှာပုဒ်မ ၅၀၀ နဲ့ စွဲချက်တင်ခံရကာ ထောင်ဒဏ်ကျခံနေရသဖြင့် ဆုကို ကိုယ်တိုင်တက်ရောက်မယူနိုင်ခဲ့ဘဲ သူကိုယ်စား ဖခင်ဖြစ်သူ ဆု လက်ခံရယူခဲ့ပါတယ်။ 

ဒေါ်နန်ပူဟာ ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးလုပ်ငန်းတွေ လုပ်ကိုင်နေသူတစ်ဦးဖြစ်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကချီးမြှင့်တဲ့ ဆုတစ်ဆုကိုလည်း ရယူခဲ့ဖူးသူဖြစ်ပါတယ်။ သတင်းသမား စိုးစံထိုက်ကတော့ ဆုကို ကိုယ်တိုင်တက်ရောက်ရယူခဲ့တယ်လို့ အမေရိကန် သံရုံးကဆိုပါတယ်။ 

မြန်မာနိုင်ငံအတွင်းရှိ ပြည်သူအားလုံးရဲ့အခွင့်အရေး ပိုမိုတိုးတက်စေရေးအတွက် ဆောင်ရွက်နေတဲ့ အမျိုးသမီးများကို အသိအမှတ်ပြုချီးမြှင့်တာဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံးက ဆိုပါတယ်။ အမေရိကန်သံရုံးဟာ မြန်မာနိုင်ငံရှိ အမျိုးသမီးတွေ ရဲ့ စွမ်းဆောင်မှုတွေကို အသိမှတ်ပြုနိုင်ဖို့ ၂၀၁၇ ခုနှစ်တည်းက အဆိုပါ ဆုကို စတင်ချီးမြှင့်ခဲ့ပြီး နှစ်စဉ်ချီးမြှင့်ခဲ့တယ်လို့သိရပါတယ်။
———————————


EPN






Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။