Trending Now

ရုရှားနဲ့ နျူကလီးယား အချက်အလက်တွေ မျှဝေမှု အမေရိကန် ရပ်ဆိုင်း

Spread the love

ရုရှားနဲ့ နျူကလီးယား အချက်အလက်တွေ မျှဝေမှု အမေရိကန် ရပ်ဆိုင်း

EPN
နိုင်ငံတကာ၊ မတ် ၃၀

ရုရှားဟာ နျူကလီးယားလက်နက်ထိန်းချုပ်ရေး သဘောတူစာချုပ် New START ကို လိုက်နာဖို့ ပျက်ကွက်တာကြောင့် ဗျူဟာမြောက် နျူကလီးယားလက်နက်တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ရုရှားကို မျှဝေနေတာတွေ ရပ်တန့်လိုက်ဖို့ အမေရိကန်က ဆုံးဖြတ်လိုက်ကြောင်း အမေရိကန် အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။

အိမ်ဖြူတော်ရဲ့ နိုင်ငံ့လုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ John Kirby က အင်္ဂါနေ့က သတင်းထောက်တွေကို ပြောကြားရာမှာ ရုရှားဟာ စာချုပ်ကို အပြည့်အဝ လေးစားလိုက်နာမှုမရှိဘဲ တစ်နှစ်မှာနှစ်ကြိမ် သတင်းအချက်အလက်တွေ မျှဝေဖို့ကို ငြင်းပယ်ခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန်အနေနဲ့ သတင်းအချက်အလက်တွေကို နောက်ထပ်မျှဝေဖို့ ဆန္ဒရှိပေမဲ့လည်း ရုရှားကလည်း အလားတူ ဆန္ဒရှိတယ်ဆိုတာ ပြဖို့လိုတယ်လို့ သူက ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့လက ရုရှားသမ္မတ ပူတင် က ၂နိုင်ငံ နျူကလီးယား သဘောတူစာချုပ်ကို ရပ်ဆိုင်းတယ်လို့ တစ်ဖက်သတ် ကြေညာခဲ့ပြီး အမေရိကန်သမ္မတ ဘိုင်ဒင်က က ဒါဟာ “အမှားကြီး” တစ်ခုကို လုပ်ဆောင်ခဲ့တာပဲလို့ ပြောဆိုခဲ့ပါတယ်။

ကျွမ်းကျင်သူတွေက အဲဒီသဘောတူစာချုပ် ရပ်ဆိုင်းလိုက်တာဟာ နှစ်နိုင်ငံ နျူကလီယားလက်နက် ဖျက်သိမ်းရေးအပေါ် သက်ရောက်မှုတွေ ရှိလာမှာနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်း ပြောဆိုခဲ့ကြပါတယ်။

Source : NHK

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။