Trending Now

မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်ပေါင်း ၃၇ မြို့နယ်အား စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်

Spread the love

မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်ပေါင်း ၃၇ မြို့နယ်အား စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၃

မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်ပေါင်း ၃၇ မြို့နယ်အား စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်သွားမည်ဟု န.စ.က က ယမန်နေ့ညပိုင်းက အမိန့်ထုတ်ပြန်လိုက်သည်။

အဆိုပါမြိုနယ်များမှာ စစ်ကိုင်းတိုင်းဒေသကြီးတွင် အင်းတော်၊ ဗန်းမောက်၊ ကောလင်း၊ ပင်လယ်ဘူး၊ မြောင်၊ ဆားလင်းကြီး၊ ပုလဲ၊ ယင်းမာပင်၊ ခင်ဦး၊ တန့်ဆည်၊ ရေဦး စသည့် ၁၁ မြိုနယ်ဖြစ်ပြီး ချင်းပြည်နယ်တွင် တီးတိန်၊ တွန်းဇံ၊ ဖလမ်း၊ ကန်ပက်လက်၊ မတူပီ၊ ထန်တလန်နှင့် ဟားခါးစသည့် ၇ မြိုနယ်ဖြစ်သည်။

ထိုအတူ မကွေးတိုင်းဒေသကြီးအတွင်းရှိ ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ပေါက်၊ မြိုင်စသည့် ၅ မြိုနယ်၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ထန်းတပင်၊ အုတ်ဖို၊ နတ်တလင်း၊ ပေါင်းတည်နှင့် ပေါက်ခေါင်း စသည့် ၅ မြိုနယ်တို့အပြင် မွန်ပြည်နယ်တွင် ရေးမြိုနယ်၊ ကရင်ပြည်နယ်တွင် ကြာအင်းဆိပ်ကြီးနှင့် ကော့ကရိတ်မြိုနယ်တိုကို စစ်အုပ်ချုပ်ရေးမြိုနယ်များအဖြစ် ကြေညာခဲ့သည်။

အလားတူ တနင်္သါရီတိုင်းဒေသကြီးတွင် တနင်္သါရီမြိုနယ်နှင့် ပုလောမြိုနယ်၊ ကယားပြည်နယ်တွင် ဒီမော့ဆို၊ ဖရူဆို၊ ရှားတောနှင့် ဘော်လခဲမြိုနယ်များကိုလည်း စစ်အုပ်ချုပ်ရေးမြိုနယ်များအဖြစ် ကြေညာလိုက်ပြီး တိုင်းမှူးများအား စစ်အုပ်ချုပ်ရေးအာဏာကျင့်သုံးရန် ကြေညာခဲ့သည်။

အဆိုပါသတ်မှတ်မြို့နယ်များတွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန် စစ်အုပ်ချုပ်ရေးဥပဒေ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်းနှင့် တရားစီရင်ရေးပိုင်းတွင် တည်ဆဲဥပဒေအရ ဖွဲ့စည်းထားသော တရားရုံးများဖြင့် ဖြစ်စေ၊ စစ်ခုံရုံးများဖြင့်စစ်ဆေးစီရင်နိုင်ပြီး သေဒဏ်၊နှစ်အကန့်အသတ်မရှိ အလုပ်နှင့်ထောင်ဒဏ်၊ သက်ဆိုင်ရာပြစ်မှုအလိုက် အမြင့်ဆုံးပြစ်ဒဏ်များကို ချမှတ်နိုင်ကြောင်း ဖော်ပြပါရှိသည်။

ကေကေ
Photo-crd


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။