Trending Now

ေမခနဲ႔ ေငါ့ခ်န္းချမစ္ ေပၚမွာ တည္ေဆာက္မည့္ ေရးအားလွ်ပ္စစ္စီမံကိန္း(၈) ခု ကို လံုးဝရပ္ဆိုင္းေပးရန္ ေတာင္းဆို

Spread the love

ေမခနဲ႔ ေငါ့ခ်န္းချမစ္ ေပၚမွာ တည္ေဆာက္မည့္ ေရးအားလွ်ပ္စစ္စီမံကိန္း(၈) ခု ကို လံုးဝရပ္ဆိုင္းေပးရန္ ေတာင္းဆို

EPN
ခ်ီေဖြ၊ မတ္ ၁၅

မတ္လ ၁၄ရက္ေန႔က ေမချမစ္ ေငါ့ခ်န္းချမစ္ ေပၚမွာ တည္ေဆာက္မည့္ ေရးအားလွ်ပ္စစ္စီမံကိန္း(၈) ခု ကို ႏိုင္ငံတကာ ျမစ္ေခ်ာင္းအင္းအိုင္မ်ားေန႔မွာ ေဒသခံဌာေန တိုင္းရင္းသားမ်ားမွ သေဘာထားထုတ္ျပန္ခ်က္ထုတ္ၿပီးေတာင္းဆိုလိုက္သည္။

ယမန္ေန ့က ခ်ီေဖြေခ်ာင္းဆံု ေမချမစ္ေဘးတြင္ ဆုေတာင္းျခင္း ေႂကြးေၾကာ္ဆႏၵထုတ္ေဖာ္ျခင္းေတြကို ျပဳလုပ္ခဲ့သည့္အျပင္ မတ္ ၁၄ ရက္ေန႔က ႏိုင္ငံတကားျမစ္ေခ်ာင္းအင္းအိုင္မ်ားေန႔အခမ္းအနားကို ခ်ီေဖြၿမိဳ႕မွာေမချမစ္ေဘး သဲေသာင္းျပင္မွာေဒသခံရာခ်ီက ဆႏၵထုတ္ေဖာ္ခဲ့သည္။
“ေမချမစ္နဲ႔ ေငါ့ခ်န္းချမစ္ မွာ စီမံကိန္းေတြလုပ္မွာကို မလိုလားဘူး” လို႔ ေမချမစ္နားမွာေနတဲ့ေဒၚဂ်ံဴးေစးကေျပာသည္။

ဒါေၾကာင့္ ေမချမစ္နဲ႔ေငါ့ခ်န္းခ ျမစ္ေပၚမွာ စီမံကိန္းျပဳလုပ္လာမည္ကိုစိုးရိမ္မႉေၾကာင့္ ယင္း ေဒသခံမ်ားက ဆုေတာင္းျခင္း၊ ကန္႔ကြက္ ဆႏၵထုတ္ေဖာ္ျခင္းမ်ားကို ၂၀၁၇ခုႏွစ္က ခ်ီေဖြၿမိဳ႕နယ္ ခ်န္းေမာခုန္၊ ထြန္ရိွန္ေက်းရြာ ေငါ့ခ်န္းခ ျမစ္ကမ္းေဘး ၊၂၀၁၈ေဆာ့ေလာၿမိဳ႕နယ္ ငါ့ေမာဇြမ္ေက်း ရြာ ေငါ့ခ်န္းခ ျမစ္ကမ္းေဘး ယခု၂၀၁၉ခုႏွစ္မွာေတာ့ခ်ီေဖြၿမိဳ႕နယ္ ေခ်ာင္ဆံုေမချမစ္ကမ္ေဘး မွာျပဳလုပ္ခဲ့သည္။

ထုိ ့အျပင္ ႏုိင္ငံတကာ ျမစ္ေခ်ာင္းအင္းအိုင္မ်ားေန႔တြင္ ဧရာဝတီ ျမစ္ဆုံ႐ွိ ၿငိမ္းခ်မ္းျခင္း မယ္ေတာ္ဂူ၌ ေဒသခံအမ်ိဳးသမီးမ်ားမွ ျမစ္ဆုံစီမံကိန္းကုိ ကန္႔ ကြက္ေၾကာင္း ဆႏၵထုတ္ေဖၚမႈတစ္ရပ္အျဖစ္ ဆုေတာင္းျခင္းအစီစဥ္ကုိ မတ္လ ၁၄ ရက္က ျပဳလုပ္ခ့ဲၾကသည္။

———————————–

မေခနဲ့ ငေါ့ချန်းခမြစ် ပေါ်မှာ တည်ဆောက်မည့် ရေးအားလျှပ်စစ်စီမံကိန်း(၈) ခု ကို လုံးဝရပ်ဆိုင်းပေးရန် တောင်းဆို

EPN
ချီဖွေ၊ မတ် ၁၅

မတ်လ ၁၄ရက်နေ့က မေခမြစ် ငေါ့ချန်းခမြစ် ပေါ်မှာ တည်ဆောက်မည့် ရေးအားလျှပ်စစ်စီမံကိန်း(၈) ခု ကို နိုင်ငံတကာ မြစ်ချောင်းအင်းအိုင်များနေ့မှာ ဒေသခံဌာနေ တိုင်းရင်းသားများမှ သဘောထားထုတ်ပြန်ချက်ထုတ်ပြီးတောင်းဆိုလိုက်သည်။

ယမန်နေ့က ချီဖွေချောင်းဆုံ မေခမြစ်ဘေးတွင် ဆုတောင်းခြင်း ကြွေးကြော်ဆန္ဒထုတ်ဖော်ခြင်းတွေကို ပြုလုပ်ခဲ့သည့်အပြင် မတ် ၁၄ ရက်နေ့က နိုင်ငံတကားမြစ်ချောင်းအင်းအိုင်များနေ့အခမ်းအနားကို ချီဖွေမြို့မှာမေခမြစ်ဘေး သဲသောင်းပြင်မှာဒေသခံရာချီက ဆန္ဒထုတ်ဖော်ခဲ့သည်။

“မေခမြစ်နဲ့ ငေါ့ချန်းခမြစ် မှာ စီမံကိန်းတွေလုပ်မှာကို မလိုလားဘူး” လို့ မေခမြစ်နားမှာနေတဲ့ဒေါ်ဂျူံးစေးကပြောသည်။

ဒါကြောင့် မေခမြစ်နဲ့ငေါ့ချန်းခ မြစ်ပေါ်မှာ စီမံကိန်းပြုလုပ်လာမည်ကိုစိုးရိမ်မှူကြောင့် ယင်း ဒေသခံများက ဆုတောင်းခြင်း၊ ကန့်ကွက် ဆန္ဒထုတ်ဖော်ခြင်းများကို ၂၀၁၇ခုနှစ်က ချီဖွေမြို့နယ် ချန်းမောခုန်၊ ထွန်ရှိန်ကျေးရွာ ငေါ့ချန်းခ မြစ်ကမ်းဘေး ၊၂၀၁၈ဆော့လောမြို့နယ် ငါ့မောဇွမ်ကျေး ရွာ ငေါ့ချန်းခ မြစ်ကမ်းဘေး ယခု၂၀၁၉ခုနှစ်မှာတော့ချီဖွေမြို့နယ် ချောင်ဆုံမေခမြစ်ကမ်ဘေး မှာပြုလုပ်ခဲ့သည်။

ထို့အပြင် နိုင်ငံတကာ မြစ်ချောင်းအင်းအိုင်များနေ့တွင် ဧရာဝတီ မြစ်ဆုံရှိ ငြိမ်းချမ်းခြင်း မယ်တော်ဂူ၌ ဒေသခံအမျိုးသမီးများမှ မြစ်ဆုံစီမံကိန်းကို ကန့် ကွက်ကြောင်း ဆန္ဒထုတ်ဖေါ်မှုတစ်ရပ်အဖြစ် ဆုတောင်းခြင်းအစီစဉ်ကို မတ်လ ၁၄ ရက်က ပြုလုပ်ခဲ့ကြသည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။