Trending Now

ခင်ဦးမြို့၌ ဆိုင်ကယ်ခိုးယူသူ လူငယ်သုံးဦးတို့ကို ခိုးရာပါဆိုင်ကယ်နှင့်အတူဖမ်းဆီးရမိ

Spread the love

ခင်ဦးမြို့၌ ဆိုင်ကယ်ခိုးယူသူ လူငယ်သုံးဦးတို့ကို ခိုးရာပါဆိုင်ကယ်နှင့်အတူဖမ်းဆီးရမိ

EPN
ခင်ဦး၊ မတ် ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ခရိုင်၊ ခင်ဦးမြို့နယ်၊ အင်းပတ်ကွေ့ဈေး၌ ဆိုင်ကယ်ခိုးသူ လူငယ် ၃ ဦးအား ဖမ်းဆီးရမိကြောင်း ခင်ဦးမြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ရေဦးမြို့နယ်၊ အောင်ချမ်းသာရပ်ကွက်နေ ဒေါ်သောင်းခိုနှင့်သားဖြစ်သူ မောင်ဇော်နိုင်ထွန်း တို့သည် မတ်လ၂၀ ရက်နေ့ နံနက်ပိုင်းက MDY- 71W/52616 နံပါတ်ပါ HONDA CLICK အမျိုးအစား အနက်ရောင်ဆိုင်ကယ်စီး၍ ခင်ဦးမြို့နယ်၊ အင်းပတ်ကွေ့ဈေး၌ ဈေးဝယ်စဉ် ဆိုင်ကယ်ပျောက်ဆုံးသွားခြင်းဖြစ်သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဒေါ်သောင်းခိုက တရားလိုပြုလုပ်ပြီး ခင်ဦးမြို့မရဲစခန်းသို့တိုင်တန်းခဲ့ရာ မြို့မရဲစခန်း က (ပ)၁၂၆/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ-၃၇၉ ဖြင့်အမှုဖွင့်၍ အချိန်နှင့်တပြေးညီစုံစမ်းခဲ့ကြသည်။

ထိုသို့စုံစမ်းနေစဉ် မတ် ၂၆ ရက်နေ့ နံနက် ၁၁ နာရီခန့်က ခင်ဦးမြို့မရဲစခန်း ခေတ္တစခန်းမှူး ရဲအုပ် အောင်အောင်၊ ညောင်ပင်ကြီးစု ရဲကင်းစခန်းမှူး ဒုရဲအုပ် စိုးပိုင်ထွန်း၊ တပ်ကြပ် ဇော်နိုင်ဝင်း၊ တပ်သား သိန်းထွန်းဦး တို့အဖွဲ့သည် သက်သေများနှင့်အတူ ခန့်ညားလွင် ၁၈ နှစ် (ဘ)———- အောင်ချမ်းသာ ရပ်ကွက်၊ ရေဦးမြို့နေသူ ကို ခင်ဦးမြို့နယ်၊ အင်းပတ်ကွေ့ ပန့်ဆီဆိုင်အနီးတွင် တွေ့ရှိ၍ ၄င်းအား မသင်္ကာသဖြင့် ခေါ်ယူစစ်ဆေးခဲ့ရာ နေရှိုင်း(ခ)ဘောကြီး ၁၉ နှစ် (ဘ)——— အောင်မင်္ဂလာရပ်ကွက်၊ ရေဦးမြို့နေသူနှင့် သူရိန်ရဲရင့်(ခ)ကိုကို ၂၄ နှစ် (ဘ)——– (နေရပ်လိပ်စာတူ) တို့နှင့်အတူ အဆိုပါ ဆိုင်ကယ်အား ခိုးယူခဲ့ကြောင်း သက်သေများရှေ့တွင် ဝန်ခံထွက်ဆိုသဖြင့် ၎င်းတို့ ၃ ဦးအား ဖမ်းဆီးခဲ့ကြသည်။

အဆိုပါ ဆိုင်ကယ်ခိုးယူသူ ၃ ဦးအား ခင်ဦးမြို့နယ်တရားရုံးသို့ တရားစွဲတင်နိုင်ရေးအတွက် ရဲလုပ်ထုံး လုပ်နည်းနှင့်အညီ စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ဗန်းမော်သုခမိန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။