Trending Now

အီရန်နိုင်ငံက ပြည်တွင်းဖြစ် ကီလိုမီတာ ၂၀၀၀ အကွာအဝေးအထိပျံသန်းနိုင်တဲ့ မောင်းသူမဲ့လေယာဉ်ကို ထုတ်ဖော်ပြသ

Spread the love

အီရန်နိုင်ငံက ပြည်တွင်းဖြစ် ကီလိုမီတာ ၂၀၀၀ အကွာအဝေးအထိပျံသန်းနိုင်တဲ့ မောင်းသူမဲ့လေယာဉ်ကို ထုတ်ဖော်ပြသ

EPN
နိုင်ငံတကာ၊ သြဂုတ် ၂၃

အီရန်နိုင်ငံက အမြင့်ဆုံးအမြန်နှုန်း တစ်နာရီ ၂၁၀ ကီလိုမီတာနဲ့ အကွာအဝေကီလိုမီတာ ၂၀၀၀ ( ၁၂၄၂ မိုင်) အထိပျံသန်းနိုင်တဲ့ ပြည်တွင်းလုပ် မောင်းသူမဲ့လေယာဉ်ကို အင်္ဂါနေ့က ထုတ်ဖော်ပြသခဲ့ကြောင်း တရားဝင်သတင်းအေဂျင်စီ IRNA က ဖော်ပြခဲ့ပါတယ်။

အီရန်နိုင်ငံရဲ့ ကာကွယ်ရေးစက်မှုလုပ်ငန်းနေ့ အထိမ်းအမှတ်အဖြစ် အီရန်နိုင်ငံမြို့တော် တီဟီရန်မှာကျင်းပတဲ့ ပြပွဲအတွင်းမှာ မောင်းသူမဲ့လေယာဉ် Mohajer-10 ကို ထုတ်ဖော်ပြသခဲ့ကြောင်း အဆိုပါ သတင်းက ဖော်ပြခဲ့ပါတယ်။

IRNA ရဲ့ အဆိုအရ အမြင့်ဆုံးလောင်စာဆီပမာဏ ၄၅၀ လီတာရှိတဲ့ အဆိုပါမောင်းသူမဲ့လေယာဉ်ဟာ အမြင့်ပေ ၇၀၀၀ အထိပျံသန်းနိုင်ပြီး အလေးချိန် ၃၀၀ ကီလိုဂရမ်အထိသယ်ဆောင်ကာ ၂၄ နာရီ ပျံသန်းနိုင်တယ်လို့ ဆိုပါတယ်။

ဒီမောင်းသူမဲ့လေယာဉ်ဟာ မတူညီတဲ့ လက်နက်ခဲယမ်းတွေနဲ့ ဒုံးကျည်တွေကို သယ်ဆောင်နိုင်ပြီး အဆင့်မြင့် အီလက်ထရွန်းနစ် စနစ်တွေ တပ်ဆင်ထားတယ်လို့ IRNA က ပြောကြားခဲ့ပါတယ်။

Ref; xinhua

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။