Trending Now

မကွေးမြို့ ယာတောထဲ၌ “ဏဘယံ” သွေးကူညီမှုအသင်း၏ ဥက္ကဋ္ဌ ဓားချက်ပေါင်း ၆၀ ကျော်ဖြင့် သေဆုံးနေ

Spread the love

မကွေးမြို့ ယာတောထဲ၌ “ဏဘယံ” သွေးကူညီမှုအသင်း၏ ဥက္ကဋ္ဌ ဓားချက်ပေါင်း ၆၀ ကျော်ဖြင့် သေဆုံးနေ

EPN
မကွေး၊ ဧပြီ-၉ (၂၀၂၄)

မကွေးတိုင်း၊ မကွေးမြို့ရှိ ယာတောတစ်ခုအတွင်း၌ ယမန်နေ့ (ဧပြီ ၈ ရက်)၊ နံနက်ပိုင်းက ဓားချက်ပေါင်း (၆၀)ကျော်ရရှိကာ သေဆုံးနေသူမှာ “ဏဘယံ” သွေးကူညီမှုအသင်း၏ ဥက္ကဋ္ဌ ဦးရန်အောင်ဖြစ်ကြောင်း ဒေသခံလူမှုကူညီရေးအသင်းဝင်များထံမှ သိရသည်။

ယမန်နေ့၊ နံနက် ၇ နာရီခွဲခန့်က မကွေးမြို့၊ သင်ကြားရေးဆေးရုံလမ်း၏ အရှေ့ဘက် ယာတောအတွင်း၌ ဓားဒဏ်ရာအချက်ပေါင်းများစွာရရှိပြီး မှောက်လျက်သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိရသဖြင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြသည်။

ယင်းကဲ့သို့ စစ်ဆေးရာ သေဆုံးနေသူသည် “ဏဘယံ” သွေးကူညီမှုအသင်း၏ ဥက္ကဋ္ဌဦး ရန်အောင်ဖြစ်ကာ ထိုးသွင်း/ပြတ်ရှဒဏ်ရာပေါင်း (၆၀) ကျော်ရရှိထားပြီး၊ ၎င်းစီးနင်းသည့် ဆိုင်ကယ်မှာလည်း ပျောက်ဆုံးနေကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။

” ကျွန်တော်တို့ သိရသလောက်ဆိုရင် ဥက္ကဋ္ဌကို သွေးလိုတယ်ဆိုပြီး ညပိုင်းက လာခေါ်သွားကြတာတဲ့။ မနက်ကမှအလောင်းကိုတွေ့တာ။ သူ့ဆိုင်ကယ်လည်း မရှိတော့ဘူး။ ဒီနေ့သိရသလောက်ဆိုရင် တရားခံ (၂)ယောက်ကို ဖမ်းမိထားတယ်တဲ့။ ဒါကတော့ ရဲကပဲ အတိအကျသိလိမ့်မယ် ” ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

ဖြစ်စဥ်မှ သေဆုံးသူ “ဏဘယံ” သွေးကူညီမှုအသင်း ဥက္ကဋ္ဌ၏ ရုပ်အလောင်းအား လူမှုကူညီရေးအသင်းကားဖြင့် မကွေးမြို့ ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။