Trending Now

ဗီယက်နမ်နိုင်ငံ မြို့တော်ဟနွိုင်းမှာ ကိုးထပ်တိုက်မီးလောင်မှုကြောင့် လူအများအပြားသေဆုံးခဲ့

Spread the love

ဗီယက်နမ်နိုင်ငံ မြို့တော်ဟနွိုင်းမှာ ကိုးထပ်တိုက်မီးလောင်မှုကြောင့် လူအများအပြားသေဆုံးခဲ့

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၁၃

ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းရှိ လူပေါင်း ၁၅၀ ကျော်နေထိုင်တဲ့ ကိုးထပ်တိုက်တစ်ခု မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူအများအပြားသေဆုံးခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။

မီးလောင်မှုဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက်နေ့ ညသန်းခေါင်အချိန်ခန့်က စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး နံနက် ၂ နာရီခန့်မှာ မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီ (VNA) က ဖော်ပြခဲ့ပါတယ်။

သေဆုံးသူအရေအတွက်ကို အာဏာပိုင်တွေက ချက်ချင်းအတည်မပြုနိုင်သေးဘဲ အသက်ရှင်ကျန်ရစ်သူတွေကို ကယ်တင်ဖို့ လုပ်ဆောင်နေတယ်လို့ VNA က ပြောပါတယ်။

လူ ၇၀ ခန့်ကို ပိတ်ဆို့နေတဲ့ တိုက်ခန်းတွေအတွင်းကနေ ကယ်တင်နိုင်ခဲ့ပေမယ့် ၅၄ ဦးကို အရေးပေါ် ဆေးရုံပို့ဆောင်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

VN Express International ဝက်ဘ်ဆိုဒ်ဖော်ပြချက်အရ ဆေးရုံတွေမှာ သေဆုံးသူ ၁၁ ဦးထက်မနည်းရှိခဲ့ပြီး သေဆုံးသူတွေထဲမှာ ကလေးငယ်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

ဗီယက်နမ်နိုင်ငံမှာ ပြီးခဲတဲ့နှစ်ပိုင်းအတွင်း ကာရာအိုကေလို ဖျော်ဖြေရေးနေရာတွေမှာ လူအသေအပျောက်များတဲ့ မီးလောင်မှုတွေ ကြုံတွေ့ခဲ့ရပါတယ်။

လွန်ခဲ့တဲ့ တစ်နှစ်ကလည်း ဟိုချီမင်းမြို့တော်က စီးပွားရေးအချက်အချာကျတဲ့ သုံးထပ်ကာရာအိုကေဘားတစ်ခုမီးလောင်မှုဖြစ်ပွားခဲ့လို့ လူ ၃၂ ဦး သေဆုံးခဲ့ပါတယ်။

Ref; aljazeera

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။