Trending Now

တရုတ်လူငယ်တွေ ဖုန်းနဲ့ အင်တာနက်အသုံးပြုခွင့်ကို စတင်ကန့်သတ်

Spread the love

တရုတ်လူငယ်တွေ ဖုန်းနဲ့ အင်တာနက်အသုံးပြုခွင့်ကို စတင်ကန့်သတ်

EPN
နိုင်ငံတကာ၊ သြဂုတ် ၃

တရုတ်ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်တွေကို ညအချိန် အင်တာနက် အသုံးပြုခွင့်ကို တားမြစ်ပိတ်ပင်ထားပြီး သြဂုတ်လ ၂ ရက်ထုတ်ပြန်ခဲ့တဲ့ စည်းမျဉ်အသစ်အရ မိုဘိုင်းလ်ဖုန်းအသုံးပြုမှုကိုပါ ကန့်သတ်သွားမယ်လို့ သိရပါတယ်။

ကန့်သတ်ချက်အသစ်အရ စက်တင်ဘာ ၂ ရက်နေ့က စတင်ပြီး အသက် ၁၈ နှစ်အောက် ဘယ်သူမဆို ည ၁၀ နာရီကနေ မနက် ၆ နာရီအထိ မိုဘိုင်းလ်ဖုန်းနဲ့ အင်တာနက် အသုံးပြုခွင့်ကို ဖြတ်တောက်ခံရမယ်လို့ သိရပါတယ်။

ထုတ်ပြန်ချက်အသစ်အရ စမတ်ဖုန်းအသုံးပြုချိန်ကို စီမံခန့်ခွဲမယ့် စည်းကမ်းတွေကိုလည်း ချမှတ်သွားမှာဖြစ်ပြီး အသက် ၈ နှစ်အောက် ကလေးငယ်တွေအတွက် တစ်နေ့ကို မိနစ် ၄၀ နဲ့ အသက် ၁၇ နဲ့ ၁၈ နှစ်အရွယ်တွေအတွက် တစ်နေ့ကို ၂ နာရီသာ အသုံးပြုခွင့်ရရှိမှာဖြစ်ပါတယ်။

တရုတ်နိုင်ငံ အင်တာနက် စီမံခန့်ခွဲမှုဌာနက အဆိုပြုထားတဲ့ စည်းမျည်းအသစ်ဟာ ကမ္ဘာပေါ်မှာ တင်းကျပ်မှုအရှိဆုံးထဲက အချို့ဖြစ်ပါတယ်။ ဒါပေမယ့် မိဘတွေ ဆန္ဒရှိမယ်ဆိုရင် ခွင့်ပြုနိုင်တယ်လို့ ဆိုပါတယ်။

Ref; CNA


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။