Trending Now

ဒေသတွင်း၌ လူငယ်များအလုပ်အကိုင်ရရှိစေရန် SPIC/ACHC ကုမ္ပဏီမှ အသက်မွေးဝမ်းကြောင်းသင်တန်း အခမဲ့ဖွင့်လှစ်ပေး

Spread the love

ဒေသတွင်း၌ လူငယ်များအလုပ်အကိုင်ရရှိစေရန် SPIC/ACHC ကုမ္ပဏီမှ အသက်မွေးဝမ်းကြောင်း သင်တန်း အခမဲ့ဖွင့်လှစ်ပေး

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၃

အလုပ်အကိုင်မဲ့နေသည့် လူငယ်များ မိမိဒေသတွင်း၌ အလုပ်အကိုင်အရရှိစေရန် ရည်ရွယ်ချက်ဖြင့် ဧရာဝတီမြစ်ညှာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းSPIC/ACHCကုမ္ပဏီမှ သံစချည်သံကွေးနှင့် ကွန်ဂရက်လောင်းနည်း သင်တန်းကို အောင်မြင်သာစံပြကျေးရွာတွင် အခမဲ့ဖွင့်လှစ်ပေးနေကြောင်း SPIC/ACHC ကုမ္ပဏီမှ သိရသည်။


အဆိုပါ သင်တန်းကို အောက်တိုဘာလ (၂၃)ရက်နေ့ကစတင်ဖွင့်လှစ်ခဲ့ပြီး ရက်ပေါင်း (၂၀)ကြာဖွင့်လှစ်သွားအည်ဖြစ်ပြီး သင်တန်းတွင်အောင်မြင်သာစံပြကျေးရွာနှင့် မလိယန်ကျေးရွာမှ သင်တန်းသား (၄၀)ခန့်တက်ရောက်ခဲ့ရာ ၎င်းတို့၏ အသက်မွေးဝမ်းကြောင်း ပြုရန်အကျိုးရှိမည့် သင်တန်းတစ်ခုဖြစ်သည်ဟု သင်တန်းဆရာကိုသိန်းလှိုင်က ဆိုသည်။

“တကယ့်အပြင်လက်တွေ့ဘဝမှာလည်း သူတို့ကျွမ်းကျွမ်းကျင်ကျင်လုပ်နိုင်ဖို့ အတွက်ကို ကျွန်တော်တို့ သင်ကြားပေးသွားမှာပါ။ သူတို့ရဲ့နောင်လာမယ့် အနာဂတ်အတွက်ပေါ့ ထမင်းစားလက်မှတ်တော့ သူတို့ တွေရသွားနိုင်ပါတယ်။” ဟု ကိုသိန်းလှိုင်က ပြောသည်။

အောင်မြင်သာနှင့် မလိယန်ကျေးရွာသည် မြစ်ဆုံဆည်စီမံကိန်းကြောင့် ပြောင်းရွေ့ခံထားရသည့် ကျေးရွာဖြစ်ပြီးယင်းကျေးရွာရှိလူငယ်များမှာ ဒေသတွင်း အလုပ်အကိုင်ရှားပါးသောကြောင့် အိမ်နီးချင်းတရုတ် နိုင်ငံသို့သွားရောက် လုပ်ကိုင်နေရသည့် အတွက် မိမိဒေသတွင်လူငယ်များအတွက် အလုပ်အကိုရရှိစေချင်ကြောင်း သင်တန်းသားတစ်ဦးဖြစ်သူ ကိုဇော်မွန်းအောင် က ဆိုသည်။

 “ကျွန်တော်က ဒီမှာအလုပ်မရှိတော့ အရင်က တရုတ်ပြည်မှာသွားလုပ်ရတယ်။ အဝေးမှာသွားလုပ်ရတာ ဆိုတော့ မပျော်ဘူးလေ။ အခုဒီမှာဒီလိုမျိူးသင်တန်းတွေ ဖွင့်ပေးတော့ကောင်းတယ်။ ဒီသင်နဲ့ပညာနဲ့ဒီမှာဘဲ လုပ်စားတော့မယ်လို့ဆုံးဖြတ်ထားတယ်။ ဒီမှာလူငယ်အများစုကအလုပ်အကိုင်မရှိကြဘူး SPIC/ACHC က အခုလိုဖွင့်ပေးတာအရမ်းကောင်းပါတယ်’’ ဟု ကိုဇော်မွန်းအောင်က​ ပြောသည်။

အဆိုပါ သင်တန်းတွင် သင်တန်းဆရာ(၉)ဦးဖြင့် အလှည့်ကျ သင်ကြားပေးလေ့ရှိပြီးသင်တန်းကို SPIC/ACHC ကုမ္ပဏီမှ ငွေကြေးကုန်ကျခံကာဖွင့်လှစ်ပေးထားကြောင်း ယင်းကုမ္ပဏီမှ သိရသည်။

SPIC/ACHC ကုမ္ပဏီအနေဖြင့် မြစ်ဆုံဆည်စီမံကိန်းရပ်ဆိုင်းထားသည့်အတွက် အခက်အခဲမြောက်များစွာနှင့် ဆုံးရှူံးနစ်နာမှုများ ရှိနေသော်လည်း အောင်မြင်သာနှင့် မလိယန်ကျေးရွာတို့အတွက် နှစ်စဉ်ဆန်ထောက်ပံ့ပေးခြင်း၊ လျှပ်စစ်မီးအခမဲ့့ဖြန့်ဝေပေးခြင်း၊အဆိုပါကျေးရွာတို့အတွက် ကျောင်းပညာရေးတွင် ထောက်ပံ့ပေးခြင်း၊ အသက်မွေးဝမ်းကြောင်းသင်တန်းများပေးခြင်း၊ စိုက်ပျိုးရေး နည်းပညာများပေးခြင်းတို့ဖြင့် ကူညီဖြေရှင်းပေးနေကြောင်း သိရသည်။

လွမ်းအောင်
—————————————————-

ေဒသတြင္း၌ လူငယ္မ်ားအလုပ္အကိုင္ရရိွေစရန္ SPIC/ACHC ကုမၸဏီမွ အသက္ေမြးဝမ္းေၾကာင္းသင္တန္း အခမဲ့ဖြင့္လွစ္ေပး

EPN
ျမစ္ႀကီးနား၊ စက္တင္ဘာ ၃

အလုပ္အကိုင္မဲ့ေနသည့္ လူငယ္မ်ား မိမိေဒသတြင္း၌ အလုပ္အကိုင္အရရိွေစရန္ ရည္ရြယ္ခ်က္ျဖင့္ ဧရာဝတီျမစ္ၫွာျမစ္ဝွမ္းေရအားလ်ွပ္စစ္စီမံကိန္းSPIC/ACHCကုမၸဏီမွ သံစခ်ည္သံေကြးႏွင့္ ကြန္ဂရက္ေလာင္းနည္း သင္တန္းကို ေအာင္ျမင္သာစံျပေက်းရြာတြင္ အခမဲ့ဖြင့္လွစ္ေပးေနေၾကာင္း SPIC/ACHC ကုမၸဏီမွ သိရသည္။

အဆိုပါ သင္တန္းကို ေအာက္တိုဘာလ (၂၃)ရက္ေန့ကစတင္ဖြင့္လွစ္ခဲ့ၿပီး ရက္ေပါင္း (၂၀)ၾကာဖြင့္လွစ္သြားအည္ျဖစ္ၿပီး သင္တန္းတြင္ေအာင္ျမင္သာစံျပေက်းရြာႏွင့္ မလိယန္ေက်းရြာမွ သင္တန္းသား (၄၀)ခန္႔တက္ေရာက္ခဲ့ရာ ၄တို႔၏ အသက္ေမြးဝမ္းေၾကာင္း ျပဳရန္အက်ိဳးရိွမည့္ သင္တန္းတစ္ခုျဖစ္သည္ဟု သင္တန္းဆရာကိုသိန္းလိႈင္က ဆိုသည္။

“တကယ့္အျပင္လက္ေတြ့ဘဝမွာလည္း သူတို႔ကြၽမ္းကြၽမ္းက်င္က်င္လုပ္ႏိုင္ဖို႔ အတြက္ကို ကြၽန္ေတာ္တို႔ သင္ၾကားေပးသြားမွာပါ။ သူတို႔ရဲ့ေနာင္လာမယ့္ အနာဂတ္အတြက္ေပါ့ ထမင္းစားလက္မွတ္ေတာ့ သူတို႔ ေတြရသြားႏိုင္ပါတယ္။” ဟု ကိုသိန္းလိႈင္က ေျပာသည္။

ေအာင္ျမင္သာႏွင့္ မလိယန္ေက်းရြာသည္ ျမစ္ဆံုဆည္စီမံကိန္းေၾကာင့္ ေျပာင္းေရြ့ခံထားရသည့္ ေက်းရြာျဖစ္ၿပီးယင္းေက်းရြာရိွလူငယ္မ်ားမွာ ေဒသတြင္း အလုပ္အကိုင္ရွားပါးေသာေၾကာင့္ အိမ္နီးခ်င္းတရုတ္ ႏိုင္ငံသို႔သြားေရာက္ လုပ္ကိုင္ေနရသည့္ အတြက္ မိမိေဒသတြင္လူငယ္မ်ားအတြက္ အလုပ္အကိုရရိွေစခ်င္ေၾကာင္း သင္တန္းသားတစ္ဦးျဖစ္သူ ကိုေဇာ္မြန္းေအာင္ က ဆိုသည္။

“ကြၽန္ေတာ္က ဒီမွာအလုပ္မရိွေတာ့ အရင္က တရုတ္ျပည္မွာသြားလုပ္ရတယ္။ အေဝးမွာသြားလုပ္ရတာ ဆိုေတာ့ မေပ်ာ္ဘူးေလ။ အခုဒီမွာဒီလိုမ်ိူးသင္တန္းေတြ ဖြင့္ေပးေတာ့ေကာင္းတယ္။ ဒီသင္နဲ႔ပညာနဲ႔ဒီမွာဘဲ လုပ္စားေတာ့မယ္လို႔ဆံုးျဖတ္ထားတယ္။ ဒီမွာလူငယ္အမ်ားစုကအလုပ္အကိုင္မရိွၾကဘူး SPIC/ACHC က အခုလိုဖြင့္ေပးတာအရမ္းေကာင္းပါတယ္’’ ဟု ကိုေဇာ္မြန္းေအာင္က​ ေျပာသည္။

အဆိုပါ သင္တန္းတြင္ သင္တန္းဆရာ(၉)ဦးျဖင့္ အလွည့္က် သင္ၾကားေပးေလ့ရိွၿပီးသင္တန္းကို SPIC/ACHC ကုမၸဏီမွ ေငြေၾကးကုန္က်ခံကာဖြင့္လွစ္ေပးထားေၾကာင္း ယင္းကုမၸဏီမွ သိရသည္။

SPIC/ACHC ကုမၸဏီအေနျဖင့္ ျမစ္ဆံုဆည္စီမံကိန္းရပ္ဆိုင္းထားသည့္အတြက္ အခက္အခဲေျမာက္မ်ားစြာႏွင့္ ဆံုးရႉံးနစ္နာမႈမ်ား ရိွေနေသာ္လည္း ေအာင္ျမင္သာႏွင့္ မလိယန္ေက်းရြာတို႔အတြက္ ႏွစ္စဉ္ဆန္ေထာက္ပံ့ေပးျခင္း၊ လ်ွပ္စစ္မီးအခမဲ့႔ျဖန္႔ေဝေပးျခင္း၊အဆိုပါေက်းရြာတို႔အတြက္ ေက်ာင္းပညာေရးတြင္ ေထာက္ပံ့ေပးျခင္း၊ အသက္ေမြးဝမ္းေၾကာင္းသင္တန္းမ်ားေပးျခင္း၊ စိုက္ပ်ိဳးေရး နည္းပညာမ်ားေပးျခင္းတို႔ျဖင့္ ကူညီေျဖရွင္းေပးေနေၾကာင္း သိရသည္။

လြမ္းေအာင္


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။