Trending Now

လူကြားသူကြားသွားလာပါက နှာခေါင်းစည်း၀တ်ဆင်ဖို့ W.H.O အကြံပေး

Spread the love

လူကြားသူကြားသွားလာပါက နှာခေါင်းစည်း၀တ်ဆင်ဖို့ W.H.O အကြံပေး 

EPN
နိုင်ငံတကာ၊ ဇွန် ၆

နှာခေါင်းစည်းတွေအတွက် အကြံပြုချက်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (W.H.O)က ပြောင်းလဲပြီး ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကိုဟန့်တားနိုင်ဖို့ လူကြားသူကြားသွားလာရင် တပ်ဆင်သင့်တယ်လို့ ပြောပါတယ်။

နှာခေါင်းစည်းတွေဟာ ကူးစက်နိုင်ချေရှိတဲ့အမှုန်အမွှားတွေအတွက် အတားအဆီးတစ်ခုဖြစ်နိုင်တယ်လို့ သတင်းအချက်အလက်သစ်တွေမှာ ဖော်ပြနေတယ်ဆိုပြီး ပြောတာပါ။ ကမ္ဘာ့နိုင်ငံကလည်း လူကြားသူကြား သွားလာရင် နှာခေါင်းစည်းတွေ၀တ်ဆင်ဖို့ အကြံပြု ဒါမှမဟုတ် လုပ်ဖို့တိုက်တွန်းထားပါတယ်။

ကျန်းမာရေးကောင်းတဲ့လူတွေ နှာခေါင်းစည်းတပ်သင့်တယ်ဆိုတဲ့သက်သေအထောက်အထား လုံလုံလောက် လောက်မရှိဘူးလို့ W.H.O က အစောပိုင်းမှာပြောထားပါတယ်။

ကူးစက်မှုအန္တရာယ်ရှိနိုင်တဲ့နေရာတွေမှာ ဆေးပညာသုံးမဟုတ်တဲ့အ၀တ်နှာခေါင်းစည်းတွေတပ်ဖို့ အကြံပြုချင် တာလို့ W.H.O ရဲ့ COVID-19 ဆိုင်ရာနည်းပညာပိုင်းခေါင်းဆောင် ဒေါက်တာ မာရီယာဗန်ကာခို့ဗ်က ပြောပါ တယ်။

ဆေးဘက်ဆိုင်ရာသုံးနှာခေါင်းစည်းတွေကို နေမကောင်းသူတွေနဲ့ သူတို့ကိုပြုစုနေသူတွေတပ်ဆင်သင့်တယ်လို့ W.H.O က အမြဲတမ်းအကြံပြုထားပါတယ်။ ကမ္ဘာတ၀န်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၆.၇ သန်းရှိနေပြီး သေဆုံးသူ ၄ သိန်းနီးပါးရှိနေပြီလို့ ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့အချက်အလက်တွေအရသိရပါတယ်။

Ref : Coronavirus: WHO advises to wear masks in public areas


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။