Trending Now

ကျွန်းအနီးမှာ တရုတ်စစ်လေယာဉ် ၆၈ စင်းနဲ့ စစ်သင်္ဘော ၁၀ စင်းကို တွေ့ရှိခဲ့တယ်လို့ ထိုင်ဝမ်ပြော

Spread the love

ကျွန်းအနီးမှာ တရုတ်စစ်လေယာဉ် ၆၈ စင်းနဲ့ စစ်သင်္ဘော ၁၀ စင်းကို တွေ့ရှိခဲ့တယ်လို့ ထိုင်ဝမ်ပြော
EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၁၄

တရုတ်နိုင်ငံက ထိုင်ဝမ်ကျွန်းအနီးကို စစ်လေယာဉ် ၆၈ စင်းပျံသန်းခဲ့ပြီး ကျွန်းပတ်ပတ်လည် ဧရိယာတွေအတွင်းကို တစ်ရက်အတွင်း စစ်သင်္ဘော ၁၀ စင်း ဖြန့်ကျက်ခဲ့တယ်လို့ ထိုင်ဝမ်အာဏာပိုင်တွေက ဒီနေ့ စတင်ဘာ ၁၄ ရက်နေ့ မနက်ပိုင်းက ပြောပါတယ်။

“ထိုင်ဝမ်အနီးတစ်ဝိုက်မှာ PLA လေယာဉ် ၆၈ စင်းနဲ့ PLAN သင်္ဘော ၁၀ စင်းကို ဗုဒ္ဓဟူးနေ့နဲ့ ကြာသာပတေးနေ့ နံနက်ပိုင်းအတွင်း တွေ့ရှိခဲ့ပါတယ်။” လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကျွန်းတစ်ဝိုက်မှာ တရုတ်စစ်လေယာဉ် ၃၅ စင်းကို ဗုဒ္ဓဟူးနေ့က တွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်က ပြောကြားခဲ့ပြီး လေယာဉ်တွေဟာ တရုတ် Shandong လေယာဉ်တင်သင်္ဘောနဲ့ ပူးပေါင်းဖို့ ပျံသန်းလာတာလို့ ဆိုပါတယ်။

Shandong လေယာဉ်တင်သင်္ဘောနဲ့ ပတ်သက်တဲ့ စစ်ရေးလေ့ကျင့်မှုကို တရုတ်နိုင်ငံက လုပ်ဆောင်နေတယ်လို့ ထိုင်ဝမ်က သံသယရှိနေပေမယ့် ပေကျင်းထံက အတည်ပြုချက်ကိုတော့ မရရှိသေးဘူးလို့ ဆိုပါတယ်။

Shandong လေယာဉ်တင်သင်္ဘောဟာ တရုတ်ရေတပ်မှာ လည်ပတ်နေတဲ့ လေယာဉ်တင်သင်္ဘောနှစ်စင်းထဲက တစ်ခုဖြစ်ပြီး အဆိုပါရေယာဉ်ဟာ ထိုင်ဝမ်ကျွန်းရဲ့ ၁၁၁ ကီလိုမီတာအကွာကနေ အနောက်ဖက်ပစိဖိတ် ဒေသကို ဦးတည်သွားနေတယ်လို့ သိရပါတယ်။

မီယာကို ရေလက်ကြားကိုဖြတ်ပြီး ဧရိယာဘက်ကို ဦးတည်လာနေတဲ့ တရုတ်သင်္ဘောတွေရှိနေကြောင်း ဂျပန်က မှတ်ချက်ပြုခဲ့ပါတယ်။ တရုတ်နိုင်ငံဘက်ကတော့ အဆိုပါဒေသမှာ စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်နေသလားဆိုတာ တရားဝင်မှတ်ချက်ပေးခြင်းမရှိပါဘူး။

တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို သူတို့ရဲ့ ပိုင်နက်အဖြစ် အခိုင်အမာပြောဆိုထားသလို အမေရိကန်နဲ့ သူရဲ့ မဟာမိတ်တွေကလည်း ထိုင်ဝမ်ရေလက်ကြားနဲ့ အငြင်းပွားတောင်တရုတ်ပင်လယ်နှစ်ခုစလုံးရဲ့ “လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်” ကို တိုးမြှင့်ထားပြီး နိုင်ငံတကာ ရေလမ်းတွေအဖြစ် အခိုင်အမာပြောဆိုထားပါတယ်။

ref; aljazeera

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။