Trending Now

ကားမိုင်မြို့တွင် အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်အဖွဲ့မှ သေနတ်ဖြင့် ပစ်သတ်

Spread the love

ကားမိုင်မြို့တွင် အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်အဖွဲ့မှ သေနတ်ဖြင့် ပစ်သတ်

EPN
မြစ်ကြီးနား၊ နိုဝင်ဘာလ ၂၃

ကချင်ပြည်နယ် ၊မိုးညှင်ခရိုင် ကားမိုင်းမြို့လယ်စောင့် တဲတွင်အိပ်ပျော်နေသည့် အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်အဖွဲ့မှ ယမန်နေ့ နိုဝင်ဘာလ (၂၂) ည(၂)နာရီခန့်က သေနတ်ဖြင့် ပစ်သတ်သွားခဲ့ကြောင်းဒေသခံများထံမှသိရသည်။

ယင်းအမျိုးသားမှာ ကားမိုင်းမြို့၊ မြစိမ်းရောက်ရပ်ကွက်တွင် နေထိုင်သည့် အသက် (၃၂)နှစ်အရွယ် ကိုဇော်လက်ဆိုသူဖြစ်ကာ၎င်းမှာ ယမန်နေ့ညက လယ်ကွင်းတွင် စောင့်အိပ်နေစဉ် အမည်မသိလက်နက်ကိုင် အဖွဲ့ တစ်စုမှ သေနတ်ဖြင့် (၈)ချက် ပစ်သတ်သွားခဲ့ခြင်းဖြစ်
ကြောင်း ဒေသခံတစ်ဦးကပြောသည်။

“ သူက လယ်ကိုစောင့်အိပ်မယ်ဆိုပြီး ညနေလောက်ထဲက ကားမိုင်ရဲ့ အနောက်ဘက်က လယ်ကွင်းမှာ သွားအိပ်တာ ည (၂)နာရီလောက်မှာတော့ သေနတ်သံတွေကြားရတယ်၊ မကြာဘူး အနီးကလူတွေက အကြောင်းကြားလာတာ၊ သူကို သေနတ်နဲ့ ပစ်သတ်သွားတယ်လို့သိရတာ၊ စုစုပေါင်း သေနတ်ဒဏ်ရာ (၈)ချက်လောက်တွေ့ရတယ်၊ သူကို တပ်နဲ့ စပ်ဆက်သူဆိုပြီး ပစ်သွားတယ်လို့သိရတယ် ” ဟု ၎င်းကပြောသည်။

လက်ရှိတွင် အဆိုပါသေဆုံးသူ အမျိုးသားကို ကားမိုင်း သာသန်သို့ပို့ဆောင်ကာ သင်္ဂြိုလ်ရန် စီစဉ်နေကြောင်း သိရသည်။

အလားတူ ယမန်နေ့ ည(၇)နာရီခန့်ကလည်း မိုးညှင်းခရိုင် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာတွင်အသက်(၃၀)အရွယ် အမျိုးသားတစ်ဦး၊ PDF အဖွဲ့မှ ပစ်သတ်သွားခဲ့ကြောင်းသိရသည်။

ပန်ပန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။