Trending Now

ပြင်သစ်နိုင်ငံသို့လာရောက်သည့် ခရီးသွားများကို နှစ်ပတ်ကြာ သီးသန့်ခွဲထားမည်

Spread the love

ပြင်သစ်နိုင်ငံသို့လာရောက်သည့် ခရီးသွားများကို နှစ်ပတ်ကြာ သီးသန့်ခွဲထားမည်

EPN
နိုင်ငံတကာ၊ မေ ၃

ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှု တားဆီးသော အစီအမံများ၏ တစ်စိတ်တစ်ဒေသအဖြစ် တိုင်းပြည်အတွင်း ရောက်ရှိလာသူအားလုံးကို ပြင်သစ်နိုင်ငံက နှစ်ပတ်ကြာ သီးသန့်ခွဲထားမှု ပြုလုပ်တော့မည်ဖြစ်သည်။
ပြင်သစ် ကျန်းမာရေးဝန်ကြီး အိုလီဗီယာဗီရန်က ထိုစီမံချက်ကို ယမန်နေ့က ကြေညာခဲ့သည်။ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုကျဆင်းလာခြင်းကြောင့် ပြင်သစ်နိုင်ငံက မေလ ၁၁ ရက်တွင် အသွားအလာကန့်သတ်မှု အစီ အမံများဖြေလျော့ရန် စီစဉ်နေသည်။

အရေးပေါ်အခြေအနေကို မူလသတ်မှတ်ထားသည့် မေလ ၂၄ ရက်မှ ဇူလိုင်လ ၂၄ ရက်အထိ သက်တမ်း တိုးရန် လိုအပ်ကြောင်း ဗီရန်က ပြောကြားခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသည်ဖြစ်စေ မတွေ့ရှိသည်ဖြစ်စေ ပြင်သစ်နိုင်ငံသို့ ဝင်ရောက်လာသူများက စမ်းသပ်မှုခံယူကာ မလုပ်မနေရ သီးသန့်ခွဲနေရမည်ဟု သူကဆိုသည်။

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုအန္တရာယ် ထပ်မံမပျံ့ပွားစေရန် ပြည်သူများအနေဖြင့် မေလ ၁၁ ရက်နောက် ပိုင်း သတိဖြင့်ဆက်နေသင့်ကြောင့် ၄င်းက သတိပေးခဲ့သည်။ သီးသန့်ခွဲထားမှု အစီအမံတွင် ရုတ်တရက် လူများ ရုတ်တရက် စုပြုံလာမှကို တားဆီးနိုင်ရန် ပြင်သစ်အစိုးရက မျှော်လင့်နေသည်။

အဆိုပြုချက်ကို မေလ ၄ ရက်တွင် လွှတ်တော်သို့တင်သွင်းကာ တစ်ပတ်အတွင်း အတည်ပြုမည်ဟု မျှော် မှန်းရသည်။ စတိုးဆိုင်၊ ကော်ဖီဆိုင်နှင့် စားသောက်ဆိုင်ကြီးများမှလွဲ၍ မေလ ၁၁ ရက်မှစ၍ ပြင်သစ်နိုင်ငံရှိ စီးပွား ရေးလုပ်ငန်းများကို ပြန်ဖွင့်ခွင့်ပြုမည်ဖြစ်သည်။

ပြည်သူများကို နေအိမ်များမှ ကီလိုမီတာ ၁၀၀ အတွင်း လွတ်လပ်စွာ သွားလာခွင့်ပြုမည်ဖြစ်သည်။

–ကိုးကား–
အင်န်အိတ်ချ်ကေ
Ref; France eyes 14-day quarantine for visitors


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။