Trending Now

ဖားကန့်မြို့ မော်ဝမ်းရပ်ကွက် ဆိုင်ကယ် ရောင်းဝယ်ရေး ဆိုင်ပိုင်ရှင်တစ်ဦး သေနတ်ဖြင့် အပစ်ခတ်ရခံ

Spread the love

ဖားကန့်မြို့ မော်ဝမ်းရပ်ကွက် ဆိုင်ကယ် ရောင်းဝယ်ရေး ဆိုင်ပိုင်ရှင်တစ်ဦး သေနတ်ဖြင့် အပစ်ခတ်ရခံ

EPN
ဖားကန့်၊ စက်တင်ဘာ ၁၅ (၂၀၂၃)

ကချင်ပြည်နယ်၊ ဖားကန့်မြို့ မော်ဝမ်းရပ်ကွက်၊ ဆိုင်ကယ်ရောင်းဝယ်ရေး ဆိုင်ပိုင်ရှင် အမျိုးသားအား အမည်မသိ သေနတ်သမားမှ ယနေ့ နံနက် ၁၀ အချိန်ခန့်တွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ဧရာမြင့်မိုရ် ဆိုင်ကယ်ရောင်းဝယ်ရေးလုပ်ငန်းရှင်သည် မော်ဝမ်းအောက်ဘက်လမ်းမှ ၎င်း၏ကားဖြင့် နေအိမ်သို့ ပြန်လာစဉ် လမ်းတွင် ဆိုင်ကယ်နှင့် အမည်မသိသေနတ်သမား နှစ်ဦး က ပစ်ခတ်ခဲ့ခြင်းကြောင့် ဒဏ်ရာရရှိခဲ့ကြောင်း ၎င်း၏ မိတ်ဆွေတစ်ဦးထံက သိရသည်။

“ဦးညီညီလွင်က သူရဲ့နေအိမ်ကို မော်ဝမ်း အောက်လမ်းဘက်ကနေပြန်လာခဲ့တာ အေးစေတီလမ်းဆုံအရောက်မှာ ဆိုင်ကယ်စီးလာသူ လူနှစ်ယောက် အနောက်က ထိုင်စီးသူက သေနတ်အတိုနဲ့ (၂) ချက် ပစ်ခတ်ပြီး ထွက်ပြေးသွားတယ်” ဟု ၎င်းက ရှင်းပြသည်။

အမည်မသိ သေနတ်သမား နှစ်ဦး၏ ပစ်ခတ်မှုကြောင့် ဦးညီညီလွင်သည် ယာဘက် လက်မောင်းရင်းတွင် သေနတ်ဒဏ်ရာ တစ်ချက်ရရှိခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး တာဝန်ရှိသူများက အခင်းဖြစ်ပွားသို့ သွားရောက်ခဲ့ပြီး စုံစမ်းစစ်ဆေးလျက်ရှိကာ သေနတ်ဒဏ်ရာ ရရှိသူအား‌ ဖားကန့်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး ဆေးကုသခံယူနေကြောင်း သိရသည်။

ဖားကန့်မြို့နယ်အတွင်း၌ ယခုနှစ်ပိုင်းအတွင်း သေနတ်သမားများ၏ လုပ်ကြံသတ်ဖြတ်ခြင်းကြောင့် သေဆုံးသူများရှိခဲ့ပြီး ခိုးဆိုးလုနှိုက်၊ ပြန်ပေးဆွဲခြင်း ဖြစ်ရပ်များနှင့် ပိုင်ရှင်မဲ့ သေဆုံးမှုများ မကြာခဏ ဖြစ်ပွားနေကြောင်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။