Trending Now

လျှပ်စစ်ယာဉ် အစီးရေ ၃၀၀၀ ခန့် တင်သွင်းခွင့်ပြုထား

Spread the love

လျှပ်စစ်ယာဉ် အစီးရေ ၃၀၀၀ ခန့် တင်သွင်းခွင့်ပြုထား

EPN
မြစ်ကြီးနား၊ မတ် ၂၁

စက်မှုဝန်ကြီးဌာနက အငှားယာဉ် (Taxi) နှင့် ဘတ်(စ်)ကားများ ပါဝင်သည့် လျှပ်စစ်ယာဉ် (EVs) အစီးရေ ၃၀၀၀ ခန့်ကို ပထမအဆင့်အနေဖြင့် နိုင်ငံအတွင်း တင်သွင်းခွင့်ပြုထားကြောင်း နိုင်ငံပိုင်သတင်းအရ သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံအတွင်းသို့ EV ကား အစီးရေ ၁၁၀ ကျော် တင်သွင်းထားပြီး မကြာမီကာလအတွင်း ကားအစီးရေ ပိုမိုရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။

စက်မှုဝန်ကြီးဌာနအနေဖြင့် EV ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် “လျှပ်စစ်မော်တော်ယာဉ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်စပ်လုပ်ငန်းဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းကော်မတီ”ကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇွန်လတွင် ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ယင်းနောက် CBU၊ CKD၊ SKDစနစ်များဖြင့် တင်သွင်းမည့် လျှပ်စစ်သုံးယာဉ် (Battery Electric Vehicle – BEV) အခွန်နှုန်းထားများကို သုည ရာခိုင်နှုန်းအထိ လျှော့ချသတ်မှတ်ခဲ့ကြောင်း သိရသည်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။