Trending Now

ပုသိမ်မြို့အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားနှစ်ဦး ထောင်ဒဏ် ၂၄ နှစ်စီချမှတ်ခံရ

Spread the love

ပုသိမ်မြို့အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားနှစ်ဦး ထောင်ဒဏ် ၂၄ နှစ်စီချမှတ်ခံရ

EPN
ပုသိမ် ၊ အောက်တိုဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသား အမျိုးသား နှစ်ဦးကို ထောင်ဒဏ် ၂၄ စီပြစ်ဒဏ်ချမှတ်လိုက်ကြောင်း တရားရုံး အသိုင်းအဝိုင်းနှင့်နီးစပ်သူများထံမှ သိရသည်။

ထောင်ဒဏ် ၂၄ နှစ်စီ ပြစ်ဒဏ်ချမှတ်ခံရသူနှစ်ဦးသည် အသက် ၂၀ အရွယ် ကိုဇင်ကိုကိုနှင့် ကိုကျော်ဇင်လတ် တို့ဖြစ်ပြီး ၎င်းတို့နှစ်ဦးကို၂၀၂၁ ခုနှစ် သြဂုတ်လက ပုသိမ်မြို့နယ်၊ ချောင်းသာမြို့တွင် လက်နက်များနှင့်အတူ ဖမ်းဆီးခံခဲ့ရသူများဖြစ် ကြောင်းသိရသည်။

ယင်းနောက် ပုသိမ်ခရိုင်တရားရုံးမှ ပုဒ်မ ၁၂၂ ၊ ၁၂၄ ၊ ပုဒ်မ ၁၉(စ)နှင့် ၅၀၅(က) ပုဒ်မတို့ဖြင့် ၎င်းတို့နှစ်ဦးအား တစ်ဦးကို ထောင်ဒဏ်၂၄ နှစ်စီကျခံစေ ရန် ပြီးခဲ့သည့် စက်တင်ဘာ ၂၈ ရက်နှင့် ၂၉ ရက်က ထောင်ဒဏ်များချမှတ်ခဲ့ခြင်းဖြစ်ကြောင်း တရားရုံး အသိုင်း အဝိုင်းနှင့် နီးစပ်သူများထံမှ သိရသည်။

”ထောင်ဒဏ်ချမှတ်ခံရတာ ဟုတ်တယ် ၊ ထောင်ဒဏ် ၂၄ နှစ်စီချမှတ်ခံရတာ ၊ သူတို့နှစ်ဦးကပြီးခဲ့တဲ့နှစ်က ပုသိမ်မြို့နယ်၊ ချောင်းသာမြို့မှာ လက်နက်တွေနဲ့ အတူ ဖမ်းမိတဲ့သူတွေလို့ သိရတယ် ၊ပုဒ်မ ၁၂၂ နဲ့ ၁၂၄ နှစ်မှုပေါင်းကို နှစ် ၂၀ ချတယ် ၊ ၁၉(စ) ကို နှစ်နှစ် နဲ့ ၅၀၅(က) ကို နှစ်နှစ်၊ စုစုပေါင်း ၂၄ နှစ်စီချလိုက်တာလို့ သိရတယ် ၊ ထောင်ဒဏ်ချမှတ်ခံရတဲ့သူ နှစ်ယောက်လုံးက အဖမ်းခံရတဲ့ နေ့ကနေ ဒီကနေ့ အထိ မိသားစုနဲ့ တွေ့ခွင့် မရဘူးဖြစ်နေတယ် ၊ နှစ်ယောက်လုံးက လူငယ်တွေပါ။” ဟု တရားရုံး အသိုင်း အဝိုင်းနှင့် နီးစပ်သူတစ်ဦးကပြော သည်။

နိုင်ငံရေးဖြစ်စဉ်များ ပြောင်းလဲပြီးနောက် ပုသိမ်မြို့ရှိ ပုသိမ်အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည့်နိုင်ငံရေး အကျဉ်းသား ဦးရေ ၃၀၀ ကျော်နှင့်နိုင်ငံရေး အကျဉ်းသူ ဦးရေ ၅၀ နီးပါးရှိပြီး အကျဉ်းထောင်တွင်း တရားရုံးမှ ထောင်ဒဏ်ချမှတ်ခဲ့သူ ဦးရေ ၁၅၀ ကျော်ရှိကြောင်း ပုသိမ်ကျဉ်းထောင်တာဝန်ရှိသူများထံမှ သိရသည် ။

သူရ
May be an image of 11 people, people standing and outdoors

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။