Trending Now

နေပြည်တော် လမ်းလျှောက်သင်္ကြန်တွင် K-POP အဆိုရှင်များနှင့် နာမည်ကြီးအနုပညာရှင်များ သီဆိုဖျော်ဖြေမည်

Spread the love

နေပြည်တော် လမ်းလျှောက်သင်္ကြန်တွင် K-POP အဆိုရှင်များနှင့် နာမည်ကြီးအနုပညာရှင်များ သီဆိုဖျော်ဖြေမည်

EPN
နေပြည်တော်၊ မတ် ၁၆ (၂၀၂၄)

၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်အား နေပြည်တော်၌ လမ်းလျှောက်သင်္ကြန်ကို ထည့်သွင်းကျင်းပမည်ဖြစ်ရာ K-POP အဆိုရှင်များနှင့် နာမည်ကြီးအနုပညာရှင်များ သီဆိုဖျော်ဖြေသွားမည်ဟု နေပြည်တော် လမ်းလျှောက်သင်္ကြန် ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောသည်။

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်းအုန်းမှ ယမန်နေ့ မတ် ၁၅ ရက်၊ မွန်းလွဲ ၂ နာရီက နေပြည်တော်၌ ကျင်းပခဲ့သည့် နေပြည်တော် လမ်းလျှောက်သင်္ကြန် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

နေပြည်တော်၌ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်အား နိုင်ငံတော်အဆင့် ဖော်ဆောင်သွားမည်ဖြစ်ကာ လမ်းလျှောက်သင်္ကြန်ကိုလည်း ရိုးရာပွဲတော်တစ်ခုအဖြစ် ပြည်သူများ၊ ဝန်ထမ်းများအားလုံး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရန် ထည့်သွင်းကျင်းပသွားမည်ဟု ပြောသည်။

၎င်းအပြင် လမ်းလျှောက်သင်္ကြန် ဗဟိုမဏ္ဍပ်တွင် အထူးအစီအစဉ် အနေဖြင့် Boss and Jobs Company နှင့်ကိုရီးယားကုမ္ပဏီများ ပူးပေါင်း၍ ကိုရီးယား K-POP အဆိုရှင်များနှင့် မြန်မာနိုင်ငံမှ နာမည်ကြီး အနုပညာရှင်များက ပါဝင်သီဆို ကပြဖျော်ဖြေသွားမည်ဟု ပြောသည်။

” ပြည်သူတွေ၊ ဝန်ထမ်းတွေ မြန်မာ့နှစ်သစ်ကူးကာလမှာ စိတ်ရွှင်လန်းတက်ကြွပျော်ရွှင်စေဖို့ စိတ်ရင်းစေတနာနဲ့ဆောင်ရွက်ပေးခြင်း ဖြစ်တာကြောင့် ဝန်ကြီးဌာနတွေ အနေနဲ့ မိမိတို့ဝန်ထမ်းတွေ ပြည်သူတွေ ပျော်ရွှင်စွာ ဆင်နွှဲနိုင်စေဖို့ ပူးပေါင်းပါဝင် ကြစေလိုပါတယ် ” ဟု ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောသည်။

ယင်းနောက် နေပြည်တော် ဒု-မြို့တော်ဝန်၊ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ Brilliant Aura Co.,Ltd မှ ပရောဂျက်ဒါရိုက်တာ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဒု-ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။