Trending Now

ရုရှားနိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကို ကြံ့ကြံ့ခံနိုင်ခဲ့ဟု သမ္မတ ပူတင်ပြော

Spread the love

ရုရှားနိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကို ကြံ့ကြံ့ခံနိုင်ခဲ့ဟု သမ္မတ ပူတင်ပြော

EPN
နို်င်ငံတကာ၊ ဇွန် ၂၄

ရုရှားနိုင်ငံက ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ၏ အန္တရာယ်အရှိဆုံးအဆင့်ကို ကြံကြံခံရပ်တည်နိုင်ခဲ့ကြောင်း သမ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့သည်။

ယမန်နေ့အတွင်းက ရုပ်မြင်သံကြားမှ ပူတင်က မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

တိုင်းပြည်အတွင်း ဗိုင်းရပ်စ် ကူးစက်မှုနှင့်ပတ်သက်ပြီး ရှုပ်ထွေးမှုများနှင့်မကြုံတွေ့ခဲ့ရကြောင်း၊ ဗိုင်းရပ်စ်၏ခြိမ်းခြောက်မှုကို နားလည်ပြီး ရော ဂါကို အနိုင်ယူရန် စည်းလုံးညီညွတ်ခဲ့သည့် ပြည်သူလူထုကို ၎င်းက ချီးကျူးစကားဆိုခဲ့သည်။

တိုင်းပြည်အတွင်း ရောဂါကူးစက်မှုပေါင်း ၇၀၀၀ကျော်သည့်အတွက် လူအများအနေဖြင့် သတိထားကြရန် ပူတင် က တိုက်တွန်းထားသည်။ စီးပွားရေးလုပ်ငန်းများကိုလည်း ထောက်ပံ့ပေးသွားမည်ဟု ၎င်းက ကတိပြုခဲ့သည်။

ဒုတိယကမ္ဘာစစ်အတွင်းက ဆိုဗီယက်ယူနီယံ၏ ၇၅ နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် ရုရှားနိုင်ငံသည် ဗုဒ္ဓဟူးနေ့၌ မော်စကိုတွင် စစ်ရေးပြအခမ်းအနားကို ကျင်းပပြုလုပ်မည်ဖြစ်သည်။

အဆိုပါပွဲကို မေလအတွင်း ကျင်းပရန်ဖြစ်သော်လည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကြောင့် ရွေ့ဆိုင်းလိုက်ခြင်း ဖြစ်သည်။

မိန့်ခွန်းနှင့်ချီတက်ပွဲကို ပူတင်အား ပဥ္စမသက်တမ်းကို ထမ်းဆောင်စေမည့် ဇူလိုင်လ ၁ ရက်နေ့တွင်ပြုလုပ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးမတိုင်မီ ကျင်းပခြင်းဖြစ်သည်။

ပြောကြားရာတွင်ပူတင်ကသူ၏ခေါင်းဆောင်မှုနှင့်ပြည်သူလူထု၏စည်းလုံးညီညွှတ်စွာကြိုးပမ်းမှုများသည်ရောဂါကူးစက်မှုအခြေအနေကို တိုးတက်ကောင်းမွန်စေရန် ကူညီပေးခဲ့ကြောင်း လေ့လာသုံးသပ်သူများက ပြောကြားခဲ့ သည်။

–ကိုးကား-
အန်အိတ်ချ်ကေ
Ref; Putin: Russia through dangerous coronavirus phase


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။