Trending Now

ပြည်သူ့စစ်မှုထမ်းဥပဒေ ကြိုဆိုထောက်ခံပွဲကို ရန်ကုန်မြို့ရှိ မြိုနယ် (၆)ခု၌ တစ်ပြိုင်နက်ကျင်းပ

Spread the love

ပြည်သူ့စစ်မှုထမ်းဥပဒေ ကြိုဆိုထောက်ခံပွဲကို ရန်ကုန်မြို့ရှိ မြိုနယ် (၆)ခု၌ တစ်ပြိုင်နက်ကျင်းပ

EPN
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅ (၂၀၂၄)

နစက မှအတည်ပြုခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပွဲကို ယနေ့ ဖေဖော်ဝါရီ ၁၅ ရက်၊ မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ မြို့နယ် (၆) ခု၌ တစ်ပြိုင်နက် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

မင်္ဂလာဒုံမြို့နယ်ရှိ ထောက်ကြန့်စည်ပင်သာယာရေးရုံးဘေး (မြန္ဒာပန်းခြံ)၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ဥက္ကလာသီရိပန်းခြံဝင်း၊ လှိုင်သာယာမြို့နယ် (အရှေ့ပိုင်း)ရှိ အောင်မြေသာယာအားကစားဝင်း၊ တွံတေး-ဒလ-လှိုင်သာယာသွားကားလမ်းဘေးရှိ ဘုရားငုတ်တိုလမ်းဆုံ၊ သန်လျင်မြို့နယ်ရှိ ငြိမ်းချမ်းရေးကွင်းနှင့် ကျောက်တံတားမြို့နယ်ရှိ ဆူးလေယာဉ်ရပ်နားကွင်းတို့၌ အသီးသီးကျင်းပခဲ့ကြခြင်း ဖြစ်သည်။

ကြိုဆိုထောက်ခံပွဲ၌ နိုင်ငံတော်အလံကို အလေးပြုခြင်း၊ နိုင်ငံတော်သီချင်း သီဆိုခြင်းများ ပြုလုပ်ပြီးနောက် ဦးဆောင်ကျင်းပသူများက ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဌာန်းရခြင်း ရည်ရွယ်ချက်များ ဟောပြောခဲ့ကြသည်။

၎င်းအပြင် တက်ရောက်လာကြသူများကလည်း ပြည်သူ့စစ်မှုထမ်းဥပဒေအား ထောက်ခံကြိုဆိုသည့် ဆိုင်းဘုတ်များကိုင်ဆောင်၍ ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။