Trending Now

ကျောက်သယ်ကားအတွင်း အံဝှက်ပြုလုပ်၍ တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂါလီ(၃၉)ဦးဖမ်းဆီးရမိ

Spread the love

ကျောက်သယ်ကားအတွင်း အံဝှက်ပြုလုပ်၍ တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂါလီ(၃၉)ဦးဖမ်းဆီးရမိ

EPN
ဟင်္သာတ၊ ဇန်နဝါရီ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြိုနယ်၊ လယ်တီကွင်းမြို၊ လယ်တီကွင်း စစ်ဆေးရေးဂိတ်တွင် ကျောက်သယ်ကား အတွင်းအံဝှက်ပြုလုပ်၍ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် ဘင်္ဂါလီ(၃၉)ဦးအား ဒီဇင်ဘာ ၂ ရက်နေ့ မနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

လယ်တီကွင်း စစ်ဆေးရေးဂိတ်တွင် ဇန်နဝါရီ ၂ ရက်နေ့ နံနက် ၁၀ နာရီခန့်က ကျောက်တင်ကားတစ်စီးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ရပ်တန့်စစ်ဆေးရာ ယာဉ်မောင်းဖြစ်သူက ကားကိုရပ်တန့်မပေးဘဲ မောင်းနင် ထွက်ပြေးသွားခဲ့ပြီး တက္ကသိုလ် အရှေ့အရောက်တွင် ယာဉ်မောင်းဖြစ်သူ နှင့် ယာဉ်နောက်လိုက်တစ်ဦးတို့ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ကားပေါ်အတွင်းပုန်းအောင်လိုက်ပါလာသည့် ဘင်္ဂါလီများသည်လည်း မြဝတီရပ်ကွက်အတွင်းသို့ ဝင်ရောက်ထွက်ပြေးသွားခဲ့ကြပြီး ရပ်ကွက်အတွင်းမှ သတင်းပေးပို့မှုကြောင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့်ပြည်သူများ၊ ဌာနဆိုင်ရာများစုပေါင်း၍ဖမ်းဆီးရာ ကျား(၃၆)ဦး မ(၃)ဦး စုစုပေါင်း(၃၉)ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် ဘင်္ဂါလီများသည် ရန်ကုန်မြို့သို့ ဝင်ရောက်ရန် စီစဉ်ထားကြောင်း တာဝန်ရှိသူများက စစ်ဆေးသိရှိရပြီး ဖမ်းဆီးရမိသူများကို သက်ဆိုင်ရာ ရဲစခန်းတွင် ထိမ်းသိမ်းကာ တရားဥပဒေအရ အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။