Trending Now

မြစ်ကြီးနားမြို့နယ် ရှဒေါင်ကျေးရွာ နေအိမ် မီးဖိုဆောင်အတွင်း အသားကင်ရာမှ မီးလောင်မှုဖြစ်ပွား

Spread the love

မြစ်ကြီးနားမြို့နယ် ရှဒေါင်ကျေးရွာ နေအိမ် မီးဖိုဆောင်အတွင်း အသားကင်ရာမှ မီးလောင်မှုဖြစ်ပွား

EPN
မြစ်ကြီးနား၊မေ ၆

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့နယ် ရှဒေါင်ကျေးရွာ အတွင်းရှိ နေအိမ်တစ်လုံးအတွင်းရှိ မီးဖိုဆောင်အတွင်း၌ လူစောင့်မရှိဘဲ အသားကင်ရာမှ ယနေ့ နံနက်ပိုင်းအချိန် ခန့်ကမီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဖြစ်စဥ်မှာမြစ်ကြီးနားမြို့နယ်၊ရှဒေါင်ကျေးရွာ ဒေါ်ဘောမ်လွင်နေအိမ်ရှိ မီးဖိုဆောင်၌ လူစောင့်မရှိဘဲ အသားကင်ရာမှ အနီးရှိ ထရံသို့ မီးကူးစက်ခဲ့ပြီး နံနက် ၁၀နာရီအချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည် ။

အဆိုပါမီးလောင်မှုကြောင့် ဒေါ်ဘောမ်လွင် ၏နေအိမ် မီးဖိုဆောင် (၁၈×၉)ပေ သွပ်မိုး ထရံကာ မြေစိုက် မီးဖိုဆောင်(၁)လုံး ဆုံးရှုံးခဲ့ပြီး ဆုံးရှုံးမှု တန်ဖိုးမှာ (၁၀၀၀၀၀)ခန့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ယင်းမီးလောင်မှု သတင်းအရ မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးငြှိမ်သတ်ယာဥ် ၂စီး ရေသယ်ယာဥ် ၂စီး တို့ဖြင့် ၁၀ ခွဲအချိန်တွင် သွားရောက်ငြှိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။

အဆိုပါ မီးလောင်မှုနှင့်ပတ်သတ်၍ အိမ်ရှင်ဒေါ်ဘောမ်လွင် အား မြစ်ကြီးနားမြို့နယ် အမှတ် ၂ နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်းသိရသည်။

နန့်ခူး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။