Trending Now

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လူအများအပြား သေဆုံးနိုင်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သတိပေး

Spread the love

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လူအများအပြား သေဆုံးနိုင်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သတိပေး

EPN
နိုင်ငံတကာ၊ ဧပြီ ၅

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါက ပိုမိုဆိုးရွားလာခြင်းကြောင့် လာမည့်သီတင်းပတ်အတွင်း လူအများအပြား သေဆုံးနိုင်ရာ တိုင်းပြည်အနေဖြင့် တောင့်ခံထားရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်သည်။

အမေရိကန်နိုင်ငံက ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အခက်ခဲဆုံးသီတင်းပတ်တစ်ခုသို့ ဦးတည်လာနေပြီး အ ကြောင်းမလှစွာဖြင့် လူအများအပြား သေဆုံးနိုင်ကြောင်း ဧပြီလ ၄ ရက်ကကျင်းပသည့် နေ့စဉ်သတင်းစာရှင်း လင်းပွဲ၌ ဒေါ်နယ်ထရမ့်က ပြောသည်။

အပျော်ခရီးတိုထွက်မှုရှောင်ကြဉ်ခြင်း၊ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုနှေးကွေးစေရန် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေခြင်း ကဲ့သို့သောလမ်းညွှန်ချက်များကို ဆက်လက်လိုက်နာရန် သမ္မတ ထရမ့်က ပြည်သူများသို့ တိုက်တွန်းခဲ့ သည်။

ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးမှာ ပြည်သူများ၏ မျိုးချစ်စိတ်ဖော်ကျူးသောတာဝန်ဟု ၄င်းကဆိုသည်။
အမေရိကန်နိုင်ငံ၌ လက်ရှိ ကိုဗစ်-၁၉ ရောဂါ အဓိကဖြစ်ပွားရာ နယူးယောက်မြို့တော်သို့ ဆရာဝန်များ၊ သူနာပြုများအပါအဝင် ဆေးဘက်ဆိုင်ရာဝန်ထမ်း ၁၀၀၀ စေလွှတ်ရန် တပ်မတော်သို့ အမိန့်ပေးခဲ့ကြောင်း ဒေါ် နယ်ထရမ့်က ပြောသည်။

ဂျွန်ဟော့ကင်းတက္ကသိုလ်၏ အချက်အလက်များအရ အမေရိကန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်လူ နာ ၃၀၀၀၀၀ ကျော်ရှိပြီး သေဆုံးသူဦးရေ ၈၀၀၀ ကျော်ရှိကြောင်း သိရသည်။

နေအိမ်၌နေရန် တိုက်တွန်းသည့်အမိန့်များ လိုက်နာလျင်ပင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အမေရိကန် နိုင်ငံသား ၂၄၀၀၀၀ ခန့် သေဆုံးနိုင်ကြောင်း အမေရိကန်အစိုးရက ခန့်မှန်းထားသည်။

–ကိုးကား–အင်န်အိတ်ချ် ကေ
Ref; Trump warns US to brace for ‘a lot of deaths’


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။