Trending Now

ထိုင်းမှာ ၅ နှစ်ကျော် ကြာပြီးမှ ပထမဆုံးအကြိမ်ရွှေးကောက်ပွဲပြန်ကျင်းပ

Spread the love

ထိုင်းမှာ ၅ နှစ်ကျော် ကြာပြီးမှ ပထမဆုံးအကြိမ်ရွှေးကောက်ပွဲပြန်ကျင်းပ 

EPN 
နိုင်ငံတကာ၊ မတ် ၂၄

ထိုင်းနိုင်ငံမှာ ၂၀၁၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ပြန်ကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲကို ဒီနေ့မှာစတင်ခဲ့ပြီး မဲပေးခွင့်ရှိသူ လူပေါင်း သန်း ၅၀ ကျော် မဲရုံတွေ ဆီမဲသွားထည့်ခဲ့တယ်လို့ ဘီဘီစီ သတင်းတစ်ရပ်ကဆိုပါတယ်။

မဲပေးသူတွေ ဟာ ပထမဆုံးအကြိမ် ကျင်းပတဲ့ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုမြင့်တက်နေပါတယ်။ မဲပေးခွင့်ရှိသူအရေအတွက် ဟာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်ရွေးကောက်ပွဲထက် နှိုင်းယှဉ်ရင် ၇ သန်း ကျော်များလာခဲ့ပါတယ်။ရွေးကောက်ပွဲမှာ ထိုင်း ဝန်ကြီးချုပ်ဟောင်းသက်ဆင်ရဲ့ မဟာမိတ်ပါတီတွေနဲ့ စစ်တပ်လိုလားတဲ့ပါတီတွေကြား အကြိတ်အနှယ်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

သက်ဆင်ကိုလိုလားတဲ့ ဖြူထိုင်း ပါတီဟာ ၂၀၁၁ ခုနှစ်နောက်ပိုင်းကျင်းပတဲ့ ရွေးကောက်ပွဲမှာအနိုင်ရခဲ့ပြီး လက်ရှိရွေးကောက်ပွဲမှာလည်း အနိုင်ရမယ်လို့ မျှော်လင့်နေပါတယ်။ရွေးကောက်ပွဲမျာ မဲဝယ်ဖို့ ကြိုးပမ်းခဲ့တဲ့ ထိုင်းအစိုးရတာဝန်ရှိသူနှစ်ဦးကို ဖမ်းဆီးခံရတယ်လို့ ထိုင်းရဲတွေကပြောပါတယ်။

————————————————


 EPN 





Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။