Trending Now

ဧရာဝတီတိုင်းတွင် အိမ်သုံးဂတ်စ်ကို အဓိကအသုံးပြုလုပ်ကိုင်နေရသည့် လုပ်ငန်းများ အခက်အခဲနှင့်ရင်ဆိုင်နေရ

Spread the love

ဧရာဝတီတိုင်းတွင် အိမ်သုံးဂတ်စ်ကို အဓိကအသုံးပြုလုပ်ကိုင်နေရသည့် လုပ်ငန်းများ အခက်အခဲနှင့်ရင်ဆိုင်နေရ

EPN
ပုသိမ်၊ သြဂုတ် ၁

ဧရာဝတီတိုင်းဒေသကြီးတွင် အိမ်သုံးဂတ်စ် တစ်ပိသာလျင် ယခင်က ငွေကျပ် ၅၀၀၀ ကျော်သာရှိခဲ့သော်လည် လက်ရှိအချိန်တွင် ငွေကျပ် ၉၀၀၀ အထိပေးဝယ်နေရသည့်အပြင် လိုသလောက်ဝယ်မရခြင်းကြောင့်ဂတ်စ်ကိုအဓိက အသုံးပြုလုပ်ကိုင်နေရသော လုပ်ငန်းများရှေ့ဆက်လုပ်ကိုင် ရန်အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း လုပ်ငန်းရှင်များထံမှသိရသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိဖျာပုံ၊ဘိုကလေး၊ဟင်္သာတ၊မအူပင်၊ကြံခင်း၊ပုသိမ်၊မော်လမြိုင်ကျွန်း၊လပွတ္တာ၊မြောင်းမြစသည့်မြို့နယ်များတွင် ဇူလိုင် ဒုတိယ အပတ်မှ မနေ့ ဇူလိုင် ၃၁ ရက်အထိ အိမ်သုံး ဂတ်စ်များလိုသလောက်ဝယ်မရဖြစ်နေပြီးဂတ်စ်ရောင်း ချသည့်ဆိုင်အချို့မှလည်းအိုးတဝက်ခန့်သာအကန့် အသတ်ဖြင့်ရောင်းနေပြီးဂတ်စ်တပိသာကို ငွေကျပ် ၉၀၀၀ အထိပေးဝယ်နေရကြောင်းသိရသည်။

”ကျွန်တော်တို့ လုပ်ငန်းက တနေ့ကို အိမ်သုံးဂတ်စ်ပိသာ ၂၀ လောက်သုံးရတာ အခုက ဝယ်မရတော့လုပ်ငန်းဘယ်လိုရှေ့
ဆက်ရမယ်မသိတော့ဘူး၊ လုပ်ငန်းတွေလုပ်ရတာ အခြေအနေအတော်ဆိုးလာပါတယ်၊ မီးကမမှန်လို့ ဂတ်စ်အိုးတွေဝယ်သုံးနေရတာကြာပါပြီ၊ အခုကိုယ်ဝယ် သုံးရတဲ့ဂတ်စ်ကတစ်ပိသာကိုငွေကျပ် ၉၀၀၀ အထိ ဈေးတက်လာတယ်၊ဈေးတက်လာတဲ့အပြင်လိုသလောက် လည်းဝယ်မရတော့တဲ့အထိဖြစ်လာတယ်။”ဟု ဖျာပုံမြို့ရှိစားသောက်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

အဆိုပါ အိမ်သုံးဂတ်စ်များလိုသလောက်ဝယ်မရတော့ခြင်း ကြောင့်ဂတ်စ်ကိုအဓိကအသုံးပြုလုပ်ကိုင်နေသည့် လုပ်ငန်းများဖြစ်သော ဟိုတယ်လုပ်ငန်း၊စားသောက် ဆိုင်လုပ်ငန်း၊မော်တော်ယာဉ်လုပ်ငန်း၊လမ်းဘေးအစားသောက်ရောင်းချသူများ၊ အခြားအသေးစားလုပ်ငန်းများနှင့်လျှပ်စစ်မီပုံမှန်မရသည့် ဒေသမှပြည်သူအများစုသည်စားသောက်ရေးနှင့်လုပ်ငန်း
ရှေ့ဆက်လည်ပတ်လုပ်ကိုင်ရန်အခက်အခဲရှိများနှင့်ကြုံ နေရကြောင်းသိရသည်။

”ကိုယ့်ဒေသထွက်ကုန်မဟုတ်တော့ဘယ်တော့ပြန် အဆင်ပြေလာမလဲလို့တောင် ပြောရခက် ခန့်မှန်းရခက်နေတယ်၊လျှပ်စစ်မီးမမှန်လို့မီးစက်ဝယ် သုံးချိန်တွင်လည်းဆီဈေးတက်လို့ဂတ်စ်အိုးကို ပြောင်းသုံးခဲ့တာအခုလုပ်ငန်းပါရပ်ပြစ်ရတော့မယ်၊ ရှေ့ဆက်ဂတ်စ်ပါဝယ်မရရင်တော့လုပ်ငန်းလည်ပတ်ဖို့ အတော့်ကိုအခက်အခဲရှိလာပြီ၊ဝယ်ရရင်လည်းအခုပေါက် ဈေးတက်လျော့မှအဆင်ပြေမယ်၊အရင်ကဂတ်စ်တစ်ပိသာ ကို ၅၅၀၀ နဲ့ ဝယ်သုံးရတာ။”ဟုဘိုကလေးမြို့မှ စားသောက်ဆိုင်လုပ်ငန်းရှင်တစ်ဦးကပြောသည်။

ဧရာဝတီတိုင်းဒေသကြီးတွင်ပြီးခဲ့သည့်မေလအတွင်း ကလည်းစက်သုံးဆီဈေးတက်လာခြင်းနှင့်လိုသလောက် ဝယ်မရခြင်းကြောင့်စက်သုံးဆီကို အဓိကအသုံးပြု လုပ်ကိုင်နေရသောလယ်ယာလုပ်ငန်းများမစိုက်ဘဲထားခဲ့ ရပြီးအသေးစားလုပ်ငန်းများလည်ရပ်နားခဲ့ရသေးကြောင်း ဒေသခံများ၏ပြောပြချက်အရသိရသည်။

သူရ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။