Trending Now

မိုးကောင်းမြို့မစည်ပင်သာယာဈေးကြီး ကို မေလမကုန်မှီ ပြန်လည်ဖွင့်လှစ်သွားမည်

Spread the love

မိုးကောင်းမြို့မစည်ပင်သာယာဈေးကြီး ကို မေလမကုန်မှီ ပြန်လည်ဖွင့်လှစ်သွားမည်

EPN
မိုးကောင်း၊ မေ ၂၄

COVID-19 ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် နှစ်လနီးပါးကြာ ပိတ်ထားသော မိုးကောင်းမြို့မ စည်ပင်သာယာဈေးကြီးကို မေလမကုန်မီ ပြန်လည်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဈေးကြီး အမြန်ဆုံး ပြန်လည်ဖွစ်လှစ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မေလ ၂၄ ရက်၊ နံနက်(၁၀)နာရီက မိုးကောင်းမြို့မ စည်ပင်သာယာရေး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

“ဈေးကြီးအမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ဖို့ မြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီရဲ့ထောက်ခံချက်ရရှိဖို့ ဆောင်ရွက်နေပါတယ်”ဟု မြို့နယ်စည်ပင်ကော်မတီ ဥက္ကဌ ဦးတင်လင်းမှ ဆိုသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသော စည်းကမ်းချက်များနှင့်အညီ နံနက်(၅)နာရီမှ (၁၂)နာရီထိ ဖွင့်လှစ်သွားရန်စီစဉ်ဆောင်ရွက်ထားပြီး ပျံကျဈေးသည်များကို နံနက်(၅)နာရီမှ(၁၂)နာရီ ထိ ဈေးကြီးအပြင်ဘက်တွင် ရောင်းချရန်နေရာချထားကြောင်း စည်ပင်အမှုဆောင်အရာရှိ ဦးမျိုးဌေးက ပြောသည်။

“စည်းကမ်းချက်များနဲ့အညီ သတ်မှတ်အချိန်အတိုင်း ဖွင်လှစ်ရောင်းချရေး စီမံဆောင်ရွက် ထားပါတယ်၊ ပျံကျဈေးနေရာအတွက်လဲ စနစ်တကျ သတ်မှတ်ပေးထားပါတယ်ဟု ၄င်းက ပြောသည်။

ဈေးပြန်လည်ဖွင့်လှစ်သည့်အခါတွင် ဈေးကော်မတီအနေနှင့် ဈေးရောင်း/၀ယ်သူများ စည်းကမ်းတကျ ဖြစ်စေရေးအတွက် ကြီးကြပ်ဆောင်ရွက်သွားမည်ဟု ဈေးကော်မတီဥက္ကဋ္ဌ ဦးသိန်းထွန်းက ဆိုသည်။
အဆိုပါညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနအမှုဆောင်အရာရှိ ဦးမျိုးဌေး၊ မြို့နယ်စည်ပင်ကော်မတီဥက္ကဌ ဦးတင်လင်းနှင့် ဈေးကော်မတီ ဥက္ကဌဦးသိန်းထွန်းဦးစီးအဖွဲ့ ၀င်များ တက်ရောက်ခဲ့ကြပြီး ဈေးကို မေလ နောက်ဆုံးအပတ်အတွင်း ဖွင့်လှစ်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ချိုမောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။