Trending Now

အမှတ် (၁၀၀၁) နယ်ခြားစောင့်တပ် (၁၃)နှစ်ပြည့် နှစ်ပတ်လည်နေ့ ကျင်းပပြုလုပ်

Spread the love

အမှတ် (၁၀၀၁) နယ်ခြားစောင့်တပ် (၁၃)နှစ်ပြည့် နှစ်ပတ်လည်နေ့ ကျင်းပပြုလုပ်

EPN
ချီဖွေ၊ နိုဝင်ဘာ ၉

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ် ဂန့်ဂွင်းကျေးရွာ အမှတ်(၁၀၀၁)နယ်ခြားစောင့်တပ်တွင် (၁၃)နှစ်ပြည့်နှစ်ပတ်လည် အခမ်းအနားကို နိုဝင်ဘာလ ၈ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြသည်။

ကချင်အထူး‌ဒေသ(၁) ကံပိုင်တည်၊ ပန်ဝါ၊ ဂန့်ဂွင်း တို့တွင် ဖွဲ့စည်းတည်ထောင်ထားသည့် နယ်ခြားစောင့်တပ်ဖွဲ့အားလုံးကို ကိုယ်စားပြုပြီး ဂန့်ဂွင်းကျေးရွာရှိ (၁၀၀၁)နယ်ခြားစောင့် တပ်တွင် စစ်‌ရေးပြအခမ်းအနား နှင့် တပ်မိသားစု ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ပေးခဲ့ကာ (၁၃)နှစ်ပြည့် နှစ်ပတ်လည် နေ့ကို ကြိုဆိုဂုဏ်ပွဲ ပြုလုပ်ခဲ့ကြောင်း အမှတ် (၁၀၀၁) နယ်ခြားစောင့်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

“နိုဝင်ဘာ (၈)ရက်နေ့က ကျနော်တို့ နယ်ခြားစောင့် တပ်ဖွဲ့ (၁-၂-၃)တပ်ရင်းတွေ ရဲ့ (၁၃) နှစ်ပြည့် နှစ်ပတ်လည် နေ့ဖြစ်တယ် ကျနော်တို့ နယ်ခြားစာင့် တပ်ဖွဲ့ကို (၂၀၀၉)ခုနှစ်က စတင်တည်ထောင်ခဲ့တာပါ အခုဆို (၁၃)နှစ်ပြည့်ခဲ့ပြီး ကချင်ပြည်နယ် ကံပိုင်တည်၊ ပန်ဝါ၊ ဂန့်ဂွင်း တို့မှာ ရှိတဲ့ နယ်ခြားစောင့် တပ်တွေကို ကိုယ်စားပြုပြီး နှစ်စဉ် ကျင်းပလေ့ရှိခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ အခမ်းအနားတွင် အမှတ်(၁၀၀၁) နယ်ခြားစောင့် တပ်ဖွဲ့မှ အရာရှိ၊ အကြပ် စစ်သည်များက အမှတ်(၁၀၀၁)နယ်ခြားစောင့် တပ်မှူးအား အလေးပြုခဲ့ကာ စစ်ရေးပြပွဲနှင့် ပျော်ပွဲရွှင်ပွဲများကိုကျင်းပခဲ့ပြီး တပ်မှူးက အဖွင့်မှာစကားနှင့် နိဂုံးချုပ် မိန့်ခွန်း‌ပြောကြားခဲ့သည်။

ယင်းနောက် အမှတ်(၁၀၀၁)နယ်ခြားစောင့် တပ်တွင်း ချမ်းမိုးခန်းမဆောင်၌ ဖိတ်ကြားထားသည့် ဓမ္မကျမ်းစာ ဆရာများ နှင့် တပ်တွင်းမိသားစုများ ဧည့်သည်တော်များတက်ရောက် ဆုတောင်းဝတ်ပြုခဲ့ကြသည်။

အဆိုပါ နှစ်ပတ်လည်အခမ်းအနားပွဲသို့ ပြည်နယ် လွတ်တော်ကိုယ်စားလှယ်(ငြိမ်း) ဦးဇခုန်ယိန်းဆောင်နှင့် ဒီမိုကရေစီပါတီသစ် (ကချင်) အတွင်းရေးမှူး ဦးခေါတိန့်တို့နှင့် ‌ဒေသခံ ရပ်မိရပ်ဖ ရပ်ကျေးတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။