Trending Now

ရုရှားကို အကူအညီမပေးဖို့ တရုတ်သမ္မတကို အမေရိကန်ခေါင်းဆောင် သတိပေး

Spread the love

ရုရှားကို အကူအညီမပေးဖို့ တရုတ်သမ္မတကို အမေရိကန်ခေါင်းဆောင် သတိပေး

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၂၀

ုယူကရိန်းကို ကျုးကျော်မှုကြောင့် ရုရှားပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို တရုတ်က ချိုးဖောက်မယ်ဆိုပါက အကြီးမားဆုံးအမှား တစ်ခုဖြစ်လာမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က တရုတ်သမ္မတ ရှီကို သတိပေးလိုက်ပါတယ်။

“ရုရှားအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချိုးဖောက်မှုတွေပြုလုပ်လာရင် အမေရိကန်တွေနဲ့ တခြားသူတွေက တရုတ်နိုင်ငံမှာ ဆက်လက် ရင်းနှီးမြုပ်နှံမယ်လို့ ထင်နေတယ်ဆိုရင်၊ ဒါဟာ ကြီးကြီးမားမား အမှားကြီးတစ်ခုလို့ ငါထင်ပါတယ်။ ဒါပေမယ့် အဲဒါက မင်းရဲ့ ဆုံးဖြတ်ချက်ပဲ” လို့ အမေရိကန် ခေါင်းဆောင်က ပြောပါတယ်။

ဒီတောင်းဆိုမှုဟာ တရုတ်ခေါင်းဆောင်ကို ခြိမ်းခြောက်ဖို့မဟုတ်ဘဲ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေကို လစ်လျုရှုခြင်းရဲ့ အကျိုးဆက်ကို သတိပေးရန်သာ ဖြစ်ကြောင်း ဘိုင်ဒင်က တနင်္ဂနွေနေ့က cbs နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

“အခုချိန်ထိတော့ တရုတ်က ရုရှားလိုချင်တဲ့ လက်နက်တွေ ဒါမှမဟုတ် တခြားပစ္စည်းတွေကို ပေးတယ်ဆိုတဲ့ အရိပ်အယောင် မရှိသေးပါဘူး” လို့ တရုတ်နိုင်ငံနဲ့ ပတ်သက်ပြီး ပြောဆိုခဲ့ပါတယ်။

တရုတ်ဟာ အနောက်နိုင်ငံနဲ့ ကုန်သွယ်မှုကို အပျက်အစီးခံပြီး စီးပွားရေးထိခိုက်ပျက်စီးစေမယ့် လုပ်ရပ်မျိုးကို တရုတ်နိုင်ငံက လုပ်မှာမဟုတ်ဘူးလို့ လေ့လာသုံးသပ်သူတွေက ပြောဆိုထားပါတယ်။

ဒါပေမယ့် တရုတ်နိုင်ငံဟာ လက်ရှိအချိန်မှာ ရုရှားရဲ့ ကုန်ပစ္စည်းတွေအတွက် အစားထိုးဈေးကွက်တစ်ခုအဖြစ်ရပ်တည်နေသလို ရုရှားရဲ့ လောင်စာဆီတွေအတွက်လည်း အဓိကဖောက်သည်တစ်ဦးအဖြစ် ရပ်တည်နေပါတယ်။

ရုရှားသမ္မတ ပူတင်ကလည်း ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး မျှတစွာရပ်တည်ခဲ့တဲ့ တရုတ်နိုင်ငံကို ကျေးဇူးတင်ကြောင်း ပြီးခဲ့တဲ့ သီးတင်ပတ်က ပြုလုပ်ခဲ့တဲ့ အစည်းအဝေးပွဲမှာ ဖော်ပြခဲ့ပါတယ်။

ရုရှားသမ္မတ ပူတင် နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ရဲ့ ဖေဖော်ဝါရီလအတွင်းက တွေ့ဆုံမှုအတွင်းမှာလည်း ရုရှား-တရုတ် “အကန့်အသတ်မရှိ” ဆက်ဆံရေးကို အတည်ပြုခဲ့ကြပါတယ်။

— ကိုးကား —
aljazeera
ref; ‘Gigantic mistake’: Biden warned China’s Xi over aiding Russia

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။